Friday, May 9, 2014


ဆော်ဒီအာရေးဗီးယားတွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၈ ဦး ထပ်မံတွေ့ရှိ
 ဆော်ဒီအာရေးဗီးယား အစိုးရသည် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၈ ဦးကို ထပ်မံတွေ့ရှိ သည်ဟု မေလ ၇ ရက် ညတွင် ပြောကြားသည်။ဆော်ဒီအာရေးဗီးယားနိုင်ငံ တွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက် ခံ ရသူ ၄၄၉ ဦးရှိပြီး မေလ ၇ ရက် တွင် လူလေးဦး ထပ်မံသေဆုံးခဲ့ သောကြောင့် မားစ်ဗိုင်းရပ်စ် ပိုး ဖြင့် သေဆုံးသူ ၁၂၁ ဦးရှိသွားပြီ ဟု ဆော်ဒီအာရေးဗီးယား ကျန်းမာရေး ဝန်ကြီးဌာန က ပြောကြားသည်။

ဂျက်ဒါမြို့နှင့် ရီးယာ့ဒ်မြို့ များရှိ ဆေးရုံများတွင် မားစ်ဗိုင်း ရပ်စ်ပိုး ကူးစက်ခံရမှုများ ဖြစ်ပွား ပြီးနောက် မကြာသေးမီ သီတင်း ပတ်များတွင် ဆော်ဒီအာရေးဗီး ယားနိုင်ငံ၌ ရောဂါပိုးကူးစက်ခံရ မှုနှုန်း တစ်ဟုန်ထိုးမြင့်တက်ခဲ့ သည်။
ဆေးရုံများတွင် ရောဂါပိုး ကူးစက်မှုဖြစ်ပွားရခြင်းမှာ တစ် စိတ်တစ်ပိုင်းအားဖြင့် အကြံပြု ထားသော ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးစီမံချက်များကို ချိုးဖောက်ခြင်းကြောင့် ဖြစ်သည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မေလ ၇ ရက်တွင် ပြောကြားသည်။
ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာ ရှင်များသည် လူများသို့ မားစ် ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ခံရစဉ် ၂၀၁၂ ခုနှစ်မှစ၍ ယင်းဗိုင်းရပ်စ် ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ကာကွယ်ဆေးကို ရှာဖွေနေဆဲဖြစ်သည်။
လူများတွင် မားစ်ဗိုင်းရပ်စ် ပိုး ကူးစက်ခံရလျှင် ချောင်းဆိုး ခြင်း၊ ဖျားနာခြင်းနှင့် အဆုတ် ရောင်ခြင်း တို့ ဖြစ်တတ်သည်။
ဆော်ဒီ အာရေးဗီးယား၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန်၊ အာ ရပ်စော်ဘွားများပြည်ထောင်စု၊ မလေးရှား၊ အိုမန်၊ တူနီးရှား၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများ တွင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ရသူများ တွေ့ရှိသည်ဟု အတည် ပြုထားသည်။
မားစ်ဗိုင်းရပ်စ်ပိုး ထပ်မံ ကူးစက်ခံရသူများအနက် ထက် ဝက်မှာ ယခင် မားစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များနှင့် အနီးကပ် ထိတွေ့ခဲ့သူများ ဖြစ်သည်ဟု ဆော်ဒီအာရေးဗီးယား ကျန်းမာ ရေးဝန်ကြီး ဌာနက ပြောကြား သည်။  

No comments:

Post a Comment

back to top