Friday, May 23, 2014


ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အသစ်ဖွဲ့စည်းကာ စည်းကမ်း ပျက် ယာဉ်မောင်းများအား လိုင်စင် ရာသက်ပန် ပိတ်သိမ်း အရေး ယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အသစ်ကို ဖွဲ့စည်းပြီး စည်းကမ်း ဖောက် ဖျက် မောင်းနှင်နေသော ယာဉ်မောင်းများအား လိုင်စင် ရာသက်ပန်ပိတ်သိမ်းသည့် အရေးယူမှုကို ယခု ရက်ပိုင်းအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက မေ ၂၂ ရက်တွင် ပြောကြားသည်။

အခု ရန်ကုန်မြို့မှာ စည်းကမ်းပျက်ယာဉ်တွေ အရမ်းများလာတယ်။ ဖမ်းဆီး အရေးယူပေမယ့်လည်း လိုက်နာမှု အားနည်းနေတာကို တွေ့ရတယ်။ ဥပမာ-ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားတဲ့နေရာမှာ ယာဉ်ရပ်နေ တာတွေ၊ ခရီးသည်တင်ယာဉ်တွေကလည်း မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ ယာဉ်ရပ်နေတာတွေကလည်း အခြား စည်းကမ်းဖောက်မှုတွေ အရမ်းများလာတယ်။ ဒါကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကို အခု ဖွဲ့စည်းနေ တယ်။ အဲဒီအဖွဲ့တွေက စစ်ဆေးမယ်၊ ဖမ်းဆီးမယ်။ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်မယ်။ အဲဒီလိုမျိုး စည်းကမ်းမဲ့တဲ့ ယာဉ်မောင်းတွေကို ယာဉ်မောင်းခွင့် နှစ် နှစ်ပိတ်သိမ်းမယ်။ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ရာသက်ပန် ယာဉ်မောင်းခွင့် မပြုတော့ပါဘူးဟု ရဲမှူးကြီးကျော်ထွေးက ဆိုသည်။
လမ်းအသုံးပြုသူတွေ လမ်းကိုအဆင်ပြေစွာ အသုံးပြုနိုင်ဖို့အတွက် ဖြစ်တယ်။  ထိရောက်စွာ စစ်ဆေး အရေးယူတဲ့ အဖွဲ့ကို ဖွဲ့သလို ယာဉ်အန္တရာယ်ကင်းရှင်းပြီးတော့ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းနေတယ်။ အခု ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို မြို့နယ်သုံးမြို့နယ်မှာ တစ်ဖွဲ့စီထားရှိပြီးတော့  စစ်ဆေး အရေးယူသွား မယ်။ ဒီလို အရေးယူမှုကိုလည်း လာမယ့်ရက်ပိုင်းအတွင်းမှာပဲ စတင်သွားပါမယ်ဟု တပ်ဖွဲ့မှူးက ဆိုသည်။
အဆိုပါ ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့ချင်းစီတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ၁ဝ ဦး၊ စည်ပင်၊ မထသ၊ နယ်မြေရဲနှင့် ကညနတို့ ပါဝင်မည်ဖြစ်သည်။

No comments:

Post a Comment

back to top