Friday, May 23, 2014

အကအဖွဲ့လို့ ပရိသတ်က မြင်သွားမှာစိုးရိမ်တဲ့ စူပါမော်ဒယ်အဖွဲ့

ဖျော်ဖြေပွဲများတွင် အက များနှင့် တင်ဆက်လေ့ရှိသော် လည်း မေလကုန်တွင် စတင်ဖြန့် ချိမည့် စူပါမော်ဒယ်ဒီဗီဒီတွင်မူ အကပုံစံဖြင့် ရိုက်ကူးထားသည့် သီချင်းမပါဝင်ကြောင်း    စုနန္ဒာ အောင် ကပြောသည်။
‘‘ဖျော်ဖြေပွဲတွေမှာ အကနဲ့ ပါဖောမန့်လုပ်တာဆိုတော့ ညီမ တို့ကို ပရိသတ်တွေက အကအဖွဲ့ လို့မြင်သွားမှာစိုးလို့ ဒီဗီဒီမှာ အကပုံစံ ရိုက်ထားတာတော့ မပါဘူး။ ဇာတ်လမ်းပုံစံ ရိုက်ထားတာ သုံး ပုဒ်ပါတယ်။     ကျန်တာတွေကို တော့ ဆက်တင်နဲ့ သေသေချာချာ လေး ရိုက်ထားတယ်’’ ဟု စုနန္ဒာ အောင်က ပြောသည။်
ယင်းဒီဗီဒီတွင် အဖွဲ့ဝင်အား လုံး သီချင်းခုနစ်ပုဒ်တွင် ပါဝင်သရုပ်ဆောင်ထားကာ ဖြိုးငွေစိုး၊ကစ်ကစ်၊ ၀င့်ယမုံလှိုင်၊ နှင်းယမုံဦး၊ ရှိုင်း၊ အောင်ကောင်းဆက် စသည့်   သရုပ်ဆောင်များ ပါဝင် ကြောင်း ၎င်း ကပြောသည်။
‘‘စူပါမော်ဒယ်သီချင်းကို ဆိုရင်   ဆန်းဆန်းပြားပြားလေး ရိုက်ထားတယ်။ အဲဒီသီချင်းမှာဆို ရင် နိုင်ငံခြားကလိုမျိုး ရှိုးပွဲကြီး တစ်ခုမှာ ညီမက ပွဲစီစဉ်သူ၊ ပန်း အိက Hair Designer ၊ ခေမာဆို ရင် မိတ်ကပ် Artist  အဲဒီလိုပုံစံ သရုပ်ဆောင်ထားတယ်။ အဲဒီ ရှိုးပွဲမှာ ရှိုးလျှောက်နေတဲ့ မော် ဒယ်တွေ ကိုကြည့်ပြီး    ညီမတို့ သုံးယောက်က စင်ပေါ်မှာ တ ကယ့်အဆိုတော်ကြီးတွေ  ပုံစံနဲ့ သီချင်းဆို သလို စိတ်ကူးယဉ်နေ တဲ့ပုံစံမျိုး ဖန်တီးထားတယ်’’ ဟု ၎င်းက ပြောသည်။
ထို့ပြင် ပရိသတ် အားပေးမှု ရရှိသည့် ငါ့ရဲ့အဝေး၊ ငါ့တစ် ယောက်တည်း၊ Vampire ချစ်သူ စသည့် သီချင်းများကိုလည်း ဆန်း ဆန်းပြားပြားပုံစံများဖြင့် ပုံဖော် ထားပြီး ယင်းဒီဗီဒီတွင် ပါဝင် သည့် သီချင်းများအတွက် ဒါရိုက် တာများကို ၎င်းတို့ ရိုက်ကူးလို သည့် စိတ်ကူးများကို ပြောကာ ပုံဖော်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းအခွေကို မေလ ၃၁ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ဇွန်လ ၁ ရက်တွင် ဗစ်တိုးရီးယား ၌ ပရိုမိုးရှင်းပွဲ ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

 

No comments:

Post a Comment

back to top