Friday, May 23, 2014


ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု သုံးသန်းပြည့်မီ နိုင် မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ထုတ်ပြန်
ယခုနှစ်အတွက် ခရီးသွားခန့်မှန်းခြေ သုံးသန်းမှာ ပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ထို့ပြင် ယခုနှစ် မေ ၆ ရက်အထိ ခရီး သွားအ၀င် စာရင်းများအရ ခရီးသွား ၁ ဒသမ ၄ သန်း ၀င်ရောက် လာပြီးဖြစ်ကာ မျှော်မှန်းသည့် ကမ္ဘာလှည့်ခရီးသွား သုံးသန်းပြည့်မီရန် အလားအလာရှိကြောင်း သိရသည်။ အဆိုပါ စာရင်းများ အရ ထိုင်းလူမျိုးခရီးသွား ၀င်ရောက်မှုမှာ အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံး ခရီးသွားမှာ ဂျပန်နှင့် တတိယ အများဆုံးအဖြစ် တရုတ်တို့ဖြစ်ကာ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်တို့မှာလည်း အစဉ်လိုက် အများဆုံး ၀င်ရောက်မှုရှိကြောင်း သိရသည်။

ပြည်ပခရီးသွားများ ပိုမိုတိုးတက်များပြား လာသော်လည်း Package (ခရီးသွားကုမ္ပဏီများဖြင့် ချိတ်ဆက် လာရောက်သူ) များမှာ လျော့ကျလာပြီး၊ F.I.T (မိမိအစီအစဉ်ဖြင့် မိမိ လာရောက်လည်ပတ်သူ) များသာ များပြား လာခဲ့သည်။
ခရီးသွားတိုးတက်လာသည်နှင့်အမျှ ခရီးသွားကဏ္ဍမှရရှိမည့် ၀င်ငွေပမာဏမှာလည်း တိုးတက်ရန် လိုအပ်ကြောင်း၊ ယခုနှစ်များအတွင်း F.I.T ခရီးသွားများ အ၀င်များလာသောကြောင့် ခရီးသွားတစ်ဦးချင်းစီ၏ သုံးစွဲမှုငွေ ပမာဏ မှာ လျော့နည်း လာကြောင်း ခရီးသွားအသိုင်းအ၀ိုင်းမှ သိရသည်။ လက်ရှိတွင် ၂၀၁၃ ခုနှစ်ကုန် စာရင်းများ အရ ခရီးသွားကဏ္ဍမှ ၀င်ငွေပမာဏမှာ ၉၂၆ သန်းထိရှိလာပြီ ဖြစ်ကြောင်းသိရသည်။
ref;eleven media group 

No comments:

Post a Comment

back to top