ကမ္ဘာ့ဖလားပွဲ၏
တရားဝင်တေးအယ်လ်ဘမ်မှ ရှာကီရာ၏ တေးသီချင်း ဗီဒီယိုသစ်ထွက်ရှိ
လက်တင်တေးသံရှင် ရှာကီရာ၏
ဒသမမြောက်စတူဒီယိုအယ်လ်ဘမ် Shakira မှ တေးသီချင်း တစ်ပုဒ်ဖြစ်သည့် La La La
သီချင်း၏တေးသီးချင်းဗီဒီယိုကို မေ ၂၂ ရက်က ပရိသတ်ထံသို့ချပြ မိတ်ဆက်ခဲ့ကြောင်း
သိရသည်။
အဆိုပါသီချင်းသည်
ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ၏ တရားဝင်တေးအယ်လ်ဘမ်
One Love, One Rhythm မှ သီချင်းတစ်ပုဒ်လည်းဖြစ်ပြီး ယင်းတေးသီချင်းဗီဒီယိုတွင်
နာမည်ကျော်ဘောလုံးသမားများဖြစ်ကြသော လီယွန်နယ်မက်ဆီ၊ ဖာဘရီ ဂတ်စ်၊ နေမာ၊
အဂူရိုနှင့် ရှာကီရာ၏ချစ်သူ ပီကေးတို့၏အထူးတင်ဆက်မှုများအပြင် ၁၆
လသားအရွယ် သားဖြစ်သူ မိုင်လန်ပီကေးကလည်း
ဟာသပြကွက်တစ်ကွက်ပါဝင်တင်ဆက်ထားကြောင်းသိရသည်။
ထို့အပြင် One Love, One Rhythm
အယ်လ်ဘမ်မှ နာမည်ကျော်ရက်ပ်တေးသံရှင် ပစ်ထ်ဘူးလ်နှင့်
ဂျနီဖာလိုပက်ဇ်တို့ပူးတွဲဖျော်ဖြေထားသည့် We Are One (Ola Ola)
သီချင်းကိုလည်းလာမည့် ဧပြီလ ၈ ရက် တွင်ဖြန့်ချီသွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment