ယူကရိန်းပြဿနာပြေလည်ရေး ဆွေးနွေးပွဲသစ်ကျင်းပရန် ရုရှားပယ်ချ
ယူကရိန်းနိုင်ငံတွင် ဖြစ်
ပေါ်နေသော ပြဿနာများပြေ လည်စေရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီ ဗာမြို့၌ ထပ်မံကျင်းပမည့်
ဆွေးနွေးပွဲများ၌ ရုရှားလိုလား သော အတိုက်အခံအဖွဲ့များ မပါ ၀င်ပါက ဆွေးနွေးမည့်
အစီအစဉ် ကို ပယ်ချကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့က ပြောသည်။
အမေရိကန်၊ ဥရောပသမဂ္ဂ
(အီးယူ) နှင့် ရုရှားနိုင်ငံတို့သည် ဧပြီလအတွင်း ရရှိခဲ့သည့် သဘော တူညီမှုကို
အကောင်အထည်ဖော် ခြင်း မရှိသဖြင့် ထပ်မံဆွေးနွေး၍ အကြောင်းမထူးဟု ၎င်းက ထပ် လောင်း
ပြော ကြားသည်။
မေလ ၂၅ ရက် ရွေးကောက်
ပွဲအတွက် ယူကရိန်းနိုင်ငံ၏ အစီ အစဉ်များကို ကူညီရန် မျှော်လင့် ထားသော
ဥရောပကောင်စီအ စည်းအဝေးအပြီး လက်ဗ်ရော့က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ် သည်။
သို့သော် ပြည်သူများကို
စစ် တပ်အသုံးပြု၍ နှိမ်နင်းနေချိန် တွင် ရွေးကောက်ပွဲ ကျင်းပခြင်း မှာ မူမမှန်ဟု
၎င်းက ပြောသည်။ သမ္မတ ရွေးကောက်ပွဲ ကျင်းပ မည့် အစီအစဉ်ကို မော်စကိုက ထောက်ခံနေသရွေ့
ဂျီနီဗာမြို့ တွင် ကျင်းပမည့် ဆွေးနွေးပွဲသစ် ကို ယူကရိန်းက ထောက်ခံရန်
အသင့်ရှိသည်ဟု ယူကရိန်းနိုင် ငံ ခြားရေးဝန်ကြီး အန်ဒရီဒက်စ်ချီ စီယားက ပြောသည်။
မေလ ၂၅ ရက်တွင် ကျင်းပ
မည့် ရွေးကောက်ပွဲများကို စောင့် ကြည့်ရန် နိုင်ငံတကာ လေ့ လာ စောင့်ကြည်သူများအား
ယူက ရိန်း နိုင်ငံသို့ စေလွှတ်ရန် ၎င်းက တိုက်တွန်းပြောကြားသည်။
လက်ရှိ အခြေအနေတွင်
ရွေးကောက်ပွဲများ ကျင်းပရန် အလွန်ခက်ခဲနေသဖြင့် ယင်းရွေး ကောက်ပွဲမတိုင်မီ
ယူကရိန်းနိုင်ငံ ၌ အပစ်အခတ်ရပ်စဲသင့်သည်ဟု ဥရောပလုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့
(OSCE) ဥက္ကဋ္ဌ ဒီဒီယာဘက်ဟော်တာက အေအက်ဖ်ပီ သတင်းဌာနအား ပြောသည်။
မေလ ၆ ရက်က ဗီယင်နာ
မြို့တွင် ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲတစ်ရပ်၌ လက်ဗ် ရော့က
ယူကရိန်းပြဿနာပြေ လည်ရေး နိုင်ငံတကာ ဆွေးနွေးပွဲ များ ဆက်လက်ကျင်းပခြင်းမှာ
ကရွတ်ကင်းလျှောက်ဖြစ်နေလိမ့် မည်ဟု ပြောသည်။
ယင်းကဲ့သို့
ဆွေးနွေးပွဲများ ထပ်မံကျင်းပမည့်အစား ယူက ရိန်းနှင့် ၎င်း၏ အနောက်တိုင်း
ထောက်ခံ သူများအနေဖြင့် ပြဿ နာပြေလည်စေရေး ပြီးခဲ့သည်လ က ဂျီနီဗာမြို့သဘောတူညီမှုကို
အကောင် အထည်ဖော်ရန် လို အပ်သည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးက ပြောသည်။
No comments:
Post a Comment