Tuesday, May 6, 2014

ကိုလံဘီယာနိုင်ငံမှာ ကမ္ဘာ့ဖလား ထရေးဒင်းကတ် စုဆောင်းသူတွေ ပိုများလာတဲ့ သတင်း






ကိုလံဘီယာ လက်ရွေးစင် အသင်းဟာ ၁၉၉၈ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ပြီးနောက် ကိုလံဘီယာနိုင်ငံမှာ ဘောလုံးအားပေးမှု ပိုပြင်းထန်လာပြီး ကမ္ဘာ့ဖလား အထိမ်းအမှတ်ပစ္စည်း ရောင်းအားလည်း ပိုကောင်းလာပါတယ်။ အထူးသဖြင့် ဘရာဇီးကမ္ဘာ့ဖလား လိုဂိုနဲ့တကွ ဘောလုံးသမားပုံပါ ထရေးဒင်းကတ်တွေ ၀ယ်ယူစုဆောင်းမှု ပိုများလာပါတယ်။ တနင်္ဂနွေနေ့ကဆိုရင် မြို့တော်ဘိုဂိုတာက ပန်းခြံနဲ့ ရှော့ပင်းစင်တာတွေမှာ ထရေးဒင်းကတ် အရောင်းအ၀ယ် လုပ်သူတွေနဲ့ ရှုပ်ယှက်ခတ်နေပါတယ်။ ကိုလံဘီယာ နိုင်ငံအတွင်း ဘောလုံးသမားပုံပါ ထရေးဒင်းကတ်တွေ စုဆောင်းတဲ့ အကျင့်ဟာ ၁၉၈၂ခုနှစ်ကတည်းက စတင်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် ကိုလံဘီယာ လက်ရွေးစင်အသင်း ခြေစစ်ပွဲ အောင်ခဲ့တဲ့ ၁၉၉၀နဲ့ ၁၉၉၈ခုနှစ်တွေမှာ ဒီအလေ့အထကို ပိုလူကြိုက် များလာတယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top