ရွေးကောက်ပွဲကျင်းပနေပြီဖြစ်သည့် အီဂျစ်နိုင်ငံ
အီဂျစ်နိုင်ငံဟာ
တနင်္လာနေ့ကနေစတင်ပြီး သမ္မတရွေးကောက်ပွဲဆိုင်ရာ မဲပေးမှုကို စတင်ကျင်းပနေပြီလို့
သိရပါတယ်။ အီဂျစ်နိုင်ငံသားမဲပေးသူတွေဟာ တနင်္လာနေ့ကစတင်ပြီး
(၂)ရက်အကြာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနေကြပြီဖြစ်တယ်လို့
သိရပါတယ်။
မဲပေးသူ အီဂျစ်ပြည်သူတွေဟာ
အာဏာရှင်စနစ်ပျက်သုန်းစေခဲ့တဲ့
အာရပ်နွေဦးတော်လှန်ရေး အပြီးမှာ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတော်သမ္မတအဖြစ်
" မိုဟာမက်မော်စီ " ကို ရွေးချယ် ခဲ့ကြ တာ ဖြစ်ပါတယ်။ "
မော်စီ " ဟာ မူဆင်လင်ညီနောင်များအဖွဲ့လို့ခေါ်တဲ့ အစ္စလာမ်မစ်အဖွဲ့ ရဲ့
ထောက်ခံ အားပေးမှုကို ရရှိခဲ့တာဖြစ်ပေမယ့် အီဂျစ်ကာကွယ်ရေးဦးစီးချုပ်
စီစီဦးဆောင်တဲ့ အီဂျစ်စစ် တပ်ဟာ မော်စီကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ
ရာထူးကနေဖြုတ်ချခဲ့ပြီး တရားဝင် အာဏာသိမ်း ခဲ့တာ ဖြစ်ပါတယ်။ မကြာခင်က ကောက်ယူခဲ့တဲ့
နိုင်ငံသားတွေရဲ့ ထင်မြင်ယူဆချက်စစ်တမ်းအရ အီဂျစန်နိုင်ငံသားတွေဟာ ထက်မြက်တဲ့
ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ လက်အောက်မှာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး စီးပွားရေး
ပြန်လည်တည်ဆောက်ဖို့ လိုလားနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီမိုကရေစီ လိုလားတဲ့
အီဂျစ်နိုင်ငံသား အချို့ဟာ နိုင်ငံပြင်ပ က လေ့လာ အကဲခတ်နေ သူတွေလိုပဲ စီစီအနိုင်ရရင်
အာဏာရှင်စနစ် ပြန်လည် ရှင်သန် လာဖို့ ရှေ့ပြေးနမိတ်ဖြစ်နေနိုင်တယ်လို့
ထင်မြင်ယူဆနေကြတယ်လို့ သိရပါတယ်။ ကြားဖြတ် အစိုးရဟာ မူဆလင်ညီနောင် များအဖွဲ့ ထောက်ခံသူတွေကို
ဖြိုခွင်းတဲ့ အခါဟာ ဖိနှိပ်ချုပ်ချယ်မှုတွေ ကျင့်သုံးနေခဲ့ချိန်မှာ ဒီမိုကရေစီအရေး
လှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment