လူ တစ်ယောက်မှာ ပညာရေးက ရာနှုန်းပြည့် နီးပါး အရေး ပါတယ် ဆိုတဲ့ Super Models အဖွဲ့ဝင် 'စုနန္ဒာအောင်'
ဒီတစ်ပတ် အနု ပညာရှင် များထဲမှ ဖော်ပြ
ပေးချင်သည့် အနုပညာရှင် ကတော့ Super Models အဖွဲ့ဝင် တစ်ဦးဖြစ်သူ
စုနန္ဒာအောင် ဖြစ်ပါသည်။ ပညာရေးက လူတစ်ယောက် အတွက်ရာနှုန်းပြည့် နီးပါး အရေးပါကြောင်းကို သူမက ယခုလို ပြောပြ ခဲ့ပါသည်။
''ပညာရေးဟာ လူတစ်ယောက် အတွက်
ရာခိုင်နှုန်းပြည့် လောက်ကို အရေးပါ ပါတယ်။ ပညာရေး ဆိုပေမယ့် ပညာရေး
သီးသန့်ချည်း မဟုတ်ပါဘူး။ အသိဥာဏ် ရှိဖို့ကလည်း လိုပါတယ်။ အသိဥာဏ်
ဆိုတာကလည်း ပညာရှိမှ အသိဥာဏ်ရှိမှာ၊ အသိဥာဏ်ရှိမှ အမှား အမှန်ကို
ဝေဖန်ပိုင်းခြား နိုင်မှာပါ။ အဲဒါကြောင့် ညီမက ပညာရေးကို ရာနှုန်းပြည့်
နီးပါးလောက် အရေး ပါတယ်လို့ ထင်ပါတယ်။ ညီမက ဆယ်တန်း အောင်ပြီး ကတည်းက ဒီ
အနုပညာ အလုပ်ကို လုပ်နေတာ ဆိုတော့ အစတုန်း ကတော့ ဘွဲ့မရပေမယ့်လည်း ဘာမှ
မဖြစ်ပါဘူး ဆိုတဲ့ စိတ်ကူး ရှိမိတယ်။ ခုတော့ အမြင် ပြောင်းသွား ပါပြီ။
မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ် လူတစ်ယောက် ဖြစ်လာပြီ ဆိုရင်
ဘွဲ့လေး တစ်ခု ရထားမှ သင့်တော် မယ်လို့ ထင်ပါတယ်။ လူတစ်ယောက် လျှောက်လှမ်း
ရမယ့် ဘဝမှာ ဘွဲ့ရထား တာနဲ့ ဘွဲ့မရထားတာ ကွဲပြားတာတွေ ရှိနေပါတယ်'' ဟု
သူမကပြောပြသည်။ အနုပညာ အလုပ်များ အပြင် ဗဟုသုတ အဖြစ် စာအုပ်များ ကိုလည်း
လေ့လာ ဖြစ်ကြောင်းကို ''ညီမ အနေနဲ့ကျောင်းစာတွေ အပြင်ဗဟုသုတ အနေနဲ့ ပညာပေး
စာအုပ်တွေ၊ မဂ္ဂဇင်းတွေလည်း ဖတ်ဖြစ် ပါတယ်။ မဂ္ဂဇင်းတွေက ညီမအလုပ်နဲ့
ဆက်နွှယ် နေတော့ ဝါရင့် အနုပညာရှင် တွေရဲ့ ပြောစကားတွေက မှတ်သား စရာ
ကောင်းပါတယ်။ စာအုပ်ဖတ်တဲ့ အခါမှာ ဖတ်နေရင်း ကိုယ့်အနေနဲ့ အရင်က ဖြစ်ရပ်
တွေနဲ့ တိုက်ဆိုင် တာတွေ ရှိရင် ကောင်းတာတွေ ဆိုလည်း မှတ်ထားလို့ ရသလို၊
မကောင်းတဲ့ အပြုအမူ အကျင့်တွေ ကိုလည်း သိလာတဲ့ အခါကျတော့ ပြုပြင်လို့
ရပါတယ်'' ဟု စုနန္ဒာအောင်က ပြောပြခဲ့သည်။

No comments:
Post a Comment