Tuesday, May 27, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း Mr.Takahito Mori ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း Mr. Takahito Mori ဦးဆောင်သောအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ညနေ(၄) နာရီ(၃၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး၊ ဧည့်ခန်းမသို့ လာရောက်တွေ့ ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး၊ ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အသင်း Mr. Takahito Mori နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။



ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေနိုင်ပြီး၊ လူမှုစီးပွား မြင့်မားတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလာအလားများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဂျပန်နိုင်ငံ ဂျပန်-မြန်မာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း Mr. Takahito Mori နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေး အပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top