အနုပညာ လောကမှာ ကလေးသရုပ် ဆောင်တစ်ယောက် အနေနဲ့ အကယ်ဒမီ ထူးချွန်ဆုကို”
မွေခံထိုက်သူဖြစ်ပါစေ” ဇာတ်ကားနဲ့ ရရှိထားတဲ့ ယွန်းယွန်းက အခုကျောင်း
ဖွင့်ရာသီ ချိန်မှာတော့ ၉ တန်းကိုတက်ရောက် မှာဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက
တက်ရောက်ခဲ့တဲ့ ဗိုလ်တထောင် (၃)မှာပဲတက်မှာဖြစ်ပါတယ်။ ကျောင်းဖွင့်ချိန်
ကိုသာ မန်ကျောင်းသူ တစ်ယောက်လိုပဲ ပျော်ရွှင်မိသလို ဒီနှစ်ကိုတော့
ပိုရင်ခုန်မိတယ်လို့ ပြောပြတဲ့ ယွန်းယွန်းက..
” အခု ညီမကျောင်းပြန်တက်ရမှာ သူငယ်ချင်းတွေနဲ့တွေ့ ရမှာဆိုတော့
ပျော်တယ်။
အဲဒီထက်ပိုတာကတော့ အခုတက်ရင် ၉ တန်းတက်ရမှာဆိုတော့ ပထမဆုံးအနေနဲ့
အ ထက် တန်းကျောင်းသူအနေနဲ့ တက်ရမှာ။ အဲဒီအတွက်
ပိုပြီးရင်ခုန်ပြီးပျော်ပါတယ်။ ကျောင်းတက်တော့ ဘယ်ကလေးမဆိုအသစ်ရရင်
ပျော်တာပဲလေ။ ပစ္စည်းအ သစ်ေ
လးတွေရဖို့ရှော့ပင် ထွက်ရရင်ပျော်တာပေါ့။ကျောင်းမတက်ခင်တော့
ဖတ်စာအုပ်တွေဝယ်ပြီးတော့ မီးနင်းလေးတွေ ကျက်ဖြစ်တယ်။ ကျူရှင်ကတော့
ကျောင်းဖွင့်မှ ပဲ တက်ဖြစ်မှာပါ။ သမီးကတော့ ဘာဖြစ်ရမယ်လို့
မှန်းထား တာမရှိပါဘူး။ ၁ဝ တန်းတက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်လာရင်
ဂုဏ်ထူးတွေ အများကြီးနဲ့ အောင်အောင် ကြိုး စားမှာပါ။ သမီးက
သာမန်ပျော်ရွှင်တတ်တဲ့၊ ဝမ်းနည်းတတ်တဲ့၊ စိတ်လှုပ်ရှားခံစားတတ်တဲ့
သာမန်ကျောင်းသူလေးတစ် ယောက်ပါပဲ” လို့ ပြောပြပါတယ်။
ဇာတ်ကားရိုက်ကူးမှုတွေကို သာမန်ရိုက်ကူးနေကျပုံစံမျိုးဆို
မရိုက်ဖြစ်တော့ဘဲ လျှော့သွားတော့ မယ်လို့လည်း ပြောပါတယ်။ ပညာရေးအတွက်
၉တန်းရောက် လာပြီဖြစ် တာကြောင့် ပိုဂရုစိုက်ဖြစ်တယ် လို့ပြောပြတာကြောင့် ”
အခုလောလော ဆယ်တော့ ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်တွေပဲ အဓိက ထားပြီးတော့
လုပ်ဖြစ် တယ်။ ဗီဒီယိုဇာတ် လမ်းနဲ့ ဇာတ်လမ်းတွဲကတော့ အရင်ကလောက်
လက်မခံဖြစ်တော့ဘူး။ အနုပညာ လှုပ်ရှားမှုတွေ အရင်က ထက်တော့ လျော့သွားမှာပေါ့။ ၉
တန်းဆိုတော့ ပိုပြီးတော့ ဂရု စိုက်သင့်တယ်လို့ထင်လို့ပါ။ ကျောင်း ပျက်ရက်
သိပ်မများချင်တော့လို့ ပေါ့နော်။ သမီးကလေး သရုပ်ဆောင်အနေနဲ့ အမှတ်တရ
ရိုက်ဖြစ်ချင်လောက်အောင် ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဆို ရိုက်မှာပါ။
ပုံမှန်သရုပ်ဆောင်နေကျ ဇာတ်ရုပ်မျိုးဆို ရင်တော့ မရိုက်ဖြစ်တော့
ဘူးပေါ့။ ကြော်ငြာ၊ ဓာတ်ပုံလေးတွေပဲ ဦးစားပေးပြီး ရိုက်ဖြစ်နေပါတယ်။ ၁ဝ
တန်းရောက် ရင်တော့ အနုပညာအလုပ်တွေကို နားလိုက်မှာပါ။ သမီးကို
ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေကြည့်လို့ဝနေပြီထင်ပါတယ်။ သမီးကလေး သရုပ်ေ
ဆာင်ဖြစ်တဲ့အချိန်မှာ မိန်းကလေးပြိုင်ဘက် ရှားတယ်လေ။ အဲဒီတော့
သမီးချည်းပဲရိုက်နေရတော့ နည်း နည်းတောင် မျက်စိနောက်နေပြီ
လားမသိဘူးပေါ့နော်။ သမီး အခု အချိန်မှာ လျှော့ပြီး ရိုက်တယ်။
ရပ်လိုက်တယ်ဆိုရင်လည်း ကျေနပ်မယ် ထင်ပါတယ်။ ၁ဝ တန်းပြီးရင်တော့
ကလေးသရုပ်ဆောင် အနေနဲ့တော့ မရိုက်ဖြစ်တော့ဘူးပေါ့။ အဲဒါတော့ သေချာတယ်။
ဒါပေမဲ့ မင်းသမီး အနေနဲ့ ပြန်ရိုက်ဖြစ်၊ မရိုက်ဖြစ်ဆိုတာတော့
မျှော်လင့်ထားရုံပဲ ရှိပါသေးတယ်။ ဘာမှကြိုတင်ပြီးတော့ အစီအစဉ် တကျကြီး လုပ်
ထားတာ မရှိသေးပါဘူး” လို့ ပြော ပြခဲ့ပါတယ်။

No comments:
Post a Comment