ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
၂၀၁၄ ခုနှစ်၊ မေလ (၂၆)ရက်၊ နေ့လည် ၁၄၃၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၃)ရပ်ကွက်၊ ဝေဇယန္တာလမ်းထောင့် သံသုမာ လမ်းမ၊ ခြံအမှတ် (A)ရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ခရိုင်နှင့် မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်မြင့် က ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ ပြည်ထောင်စုအဆင့် လွှတ်တော်များ ပြန်လည်ကျင်းပတော့မည့်အချိန်တွင် ပါတီမှ အချို့သော အတွင်းရေး မှူးများ နေပြည်တော်ရှိ လွှတ်တော်ကျင်းပရာ သို့ သွားရောက်ရမည်ဖြစ်ရာ ပါတီမှ ကျန်ရှိသူများက ပြည်သူနှင့် တစ်သား တည်းဖြစ်သော ပြည်သူ့ပါတီအဖြစ် ပြည်သူလူထုမှ လက်ခံလာရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့လိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်မှုများကို စဉ်တိုက် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ပါတီတွင်း သင်တန်းများ အဆက်မပြတ် ဖွင့်လှစ်၍ လေ့ကျင့် ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း၊ ခရိုင်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးနိုင်အောင်မှ ပါတီဝင်အင်အားများ တိကျ မှန်ကန် ရေးနှင့် ပါတီဝင်အင်အား တိုးတက်ရရှိရေး ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ခရိုင်ကော်မတီဝင် ဒေါ်အေးအေးမြင့်မှ ဖြိုးစေတနာ နယ်လှည့်ဆေးကုသရေးအဖွဲ့များအနြေ ဖင့် ပြည်သူ လူထုထံ အရောက်သွား ၍ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မြို့နယ်အလိုက် ဆောင် ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၄၃၀ နာရီတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment