စီးပွားရေး လုပ်ငန်းကြောင့် အနုပညာကို နားထားရတယ်ဆိုတဲ့
BamBino
ကောင်းမလေး နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့
BamBino အဖွဲ့မှ တစ်ယောက်ဖြစ်တဲ့ အဆိုတော်မလေး အိနွေက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကြောင့် အနုပညာလုပ်ငန်းကို နားထားရတယ်လို့ဆိုပါတယ်။
"ကိုယ်ကလည်း ရန်ကုန်မှာမရှိတာပါတယ်။ ဒီအလုပ် လုပ်မယ် ဆိုရင် အချိန်အများကြီးပေးရတယ်။ မအိကလည်းမရှိတော့ သိပ် မလုပ်ဖြစ်ဘူး" လို့သူမကဆိုပါတယ်။ သူမရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်တဲ့ ဟိုတယ်လုပ်ငန်းက နယ်မှာအခြေစိုက် တာကြောင့် ရှိုးပွဲတွေသိပ်မလုပ်ဖြစ်တော့တာပါ။ ဒါပေမဲ့ ပရိသတ်ကြီးနဲ့ ကင်းကွာမသွားအောင် သူတို့ ညီအစ်မနှစ်ယောက်ရဲ့ Facebook ကနေ သီချင်း အသစ်ရေးပြီးတိုင်းတင်ပေး ဖြစ်တယ်လို့သိရပါတယ်။
အဖွဲ့ဝင် ညီအစ်မနှစ်ယောက်အဆုံဖြစ်တာကြောင့် အခွေလည်းမထုတ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။ လောလောဆယ် မှာတော့ အသိမိတ်ဆွေတွေက အကူအညီတောင်းတဲ့ အခါ၊ ဖိတ်လာတဲ့ အခါမှာတော့ သီချင်းဆိုဖြစ်တယ် လို့ပြောခဲ့ ပါတယ်။
နောက်ပိုင်းမှာတော့ Facebook
မှာပဲသီချင်းတွေဆက်တင်ပေးသွားဖို့ သီရိနဲ့ မအိတို့ ညှိနှိုင်းနေကြပါတယ်။
ရှိုးပွဲတွေဆိုဖို့ ကတော့ ပွင့်လင်းရာသီမှာ သူကနယ်တွေမှာ ရောက်နေတတ်တာကြောင့်
ဆိုဖြစ်ဦးမှာ မဟုတ်ဘူးလို့သိရပါတယ်။ မအိက ကိုရီးယား Girl Band တွေကို သဘောကျပြီး
သူ့အနေနဲ့တော့ တစ်ယောက်တည်း သီဆိုရတာထက် အဖွဲ့ အနေနဲ့က Performance
လုပ်ရာပိုသာတာကြောင့် မိန်းကလေး အဖွဲ့တွေလည်း အများကြီးပေါ်လာစေချင်တယ်လို့ဆိုပါတယ်။

No comments:
Post a Comment