Tuesday, May 27, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဌာနချုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ

နေပြည်တော်


ကြေညာချက်အမှတ် (၁/၂ဝ၁၄)
(၁၃၇၆ ခုနှစ်၊ ကဆုန်လဆုတ်၁၃ ရက်)(၂ဝ၁၄ ခုနှစ်၊ မေလ ၂၆ ရက်)


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ကြေညာချက်အမှတ်(၂)




၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြောင်းလဲလာ သည့်ခေတ် အခြေ အနေနှင့် အညီ ပြင်ဆင်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ် ဆောင် ရွက်ရန်အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စား လှယ်များက ပြည်ထောင်စုလွှတ်တော်တွင် စတင်တင်သွင်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်လေ့လာသုံးသပ်၍ ပြောင်းလဲ လာသည့်ခေတ်စနစ်နှင့်အညီ ပြင်ဆင်သွားရေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏သဘောထားပင်ဖြစ်ကြောင်းထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။     ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မိဘပြည်သူ များ၊ လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များနှင့် ပါတီဝင်ထုအဆင့်ဆင့်ထံမှ ပေးပို့သည့် အကြံပြုချက်များအပေါ်အခြေခံသော ပါတီဗဟိုကော် မတီအစည်းအဝေးဆုံးဖြတ်ချက်များကို ပါတီဌာနချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အကြံပြုချက်အဖြစ် သက်ဆိုင်ရာသို့ပေးပို့ ခဲ့ပြီး ဖြစ်ပါသည်။
၃။   ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပေးခဲ့သည့် ကိုယ်စားလှယ် ၁ဝ၉ ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ် စားလှယ်ဦးရေအများဆုံးပါဝင်ခဲ့ပြီး အခြားပါတီဝင်ကိုယ်စားလှယ် များနှင့် တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၎။   ပြည်ထောင်စုလွှတ်တော်က ထပ်မံဖွဲ့စည်းပေးခဲ့သည့် အဖွဲ့ဝင် ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်ဦးရေ အများဆုံးပါဝင်လျက်ရှိပြီး အခြား ပါတီဝင်ကိုယ်စား လှယ်များနှင့်အတူ သတ်မှတ်ချိန်အတွင်း ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ရပ်နားထားသည့်ကာလ တွင်ပင်အစည်းအဝေးများကျင်းပ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။


၅။   ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟို ကော်မတီမှ အတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး အကြံပြုချက်များအပေါ် ခိုင်မာစွာရပ် တည်လျက်ရှိပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်၏ တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည် ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာရေး၊ တိုင်းရင်း သားမျိုးနွယ်စုများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရေးနှင့် ထာဝရငြိမ်ချမ်းရေးကို ဖော်ဆောင်နိုင်ရေး၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် သို့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက်ဆက် လက်ဆောင်ရွက်နိုင်ရေးတို့အား ရည်မှန်းချက်အဖြစ်ထားရှိကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိုအကြောင်းပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိုမထိခိုက်စေဘဲ ဒီမိုကရေစီ ကျင့်စဉ်များ၊ တည်ဆဲဥပဒေများနှင့်အညီ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီသည် ပြည်ထောင်စုလွှတ်တော်၏ မူဘောင် အတွင်းမှ တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ

No comments:

Post a Comment

back to top