ဧရာဝတီဘဏ်နှင့် DBS ဘဏ်တို့
ပူးပေါင်းကာ အင်တာနက်မှ တစ်ဆင့် ငွေလွှဲနိုင်စေရန် ဆောင်ရွက်
မြန်မာနိုင်ငံမှ
ဧရာဝတီဘဏ်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Development Bank of Singapore (DBS) တို့
ပူးပေါင်းကာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ခြင်း အလုပ်ကို အင်တာနက်မှ
တစ်ဆင့် လုပ်ဆောင် နိုင်စေရန် သက်ဆိုင်ရာ ဘဏ်များမှနေ၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေး
နေပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့
ငွေလွှဲရာတွင် တစ်ကြိမ်လျှင် စင်ကာပူ ဒေါ်လာ ၅ဝဝဝ အထိ ငွေလွှဲနိုင်စေရန် စီစဉ်ထားပြီး
ဝန်ဆောင်ခ အဖြစ် မြန်မာငွေကျပ် ၃ဝဝဝ ခန့် ကျသင့်မည် ဖြစ်ကြောင်း၊ အဆိုပါ ဧရာဝတီ ဘဏ်နှင့်
DBS ဘဏ် တို့မှ တစ်ဆင့် ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်းတို့ကို ဆောင်ရွက်လိုပါက ငွေလွှဲပို့သူ
အနေဖြင့် စင်ကာ ပူနိုင်ငံ ရှိ DBS ဘဏ်တွင် ငွေစာရင်းဖွင့်ထားရန် လိုအပ်သလို ငွေလက်ခံမည့်
သူများသည် လည်း မြန် မာနိုင်ငံရှိ ဧရာဝတီ ဘဏ်တွင် Bank Account ပြုလုပ်ထားရန် လိုအပ်ကြောင်း
သိရသည်။ ၎င်း ဘဏ် တွင် ငွေစာရင်းဖွင့်ထားပါက Online မှနေ၍ ချိတ်ဆက်ကာ ငွေလွှဲပို့ခြင်း ကို
လုပ်ဆောင်နိုင်ပြီး လွှဲပြောင်း ပေးလိုက်သော ငွေပမာဏသည် ဧရာဝတီ ဘဏ်တွင်ရှိသော ငွေလက်ခံသူ၏
ဘဏ်စာရင်း ထဲသို့ ရောက်ရှိသွားမည် ဖြစ်သည့် အတွက် မိမိ ထုတ်ယူလိုသော အချိန်တွင် သွားရောက်ထုတ် ယူ
နိုင်ကြောင်း သိရသည်။
No comments:
Post a Comment