Friday, May 9, 2014


အိန္ဒိယနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ အဆင့် (၈) သို့ ရောက်ရှိ
အိန္ဒိယနိုင်ငံတွင် ကျင်းပ ပြုလုပ်လျက်ရှိသည့် အထွေထွေ ရွေးကောက်ပွဲ၏ အဆင့် (၈) ဆင့်မြောက် ရွေးကောက်ပွဲကိုမေ ၇ ရက် နံနက်ပိုင်းတွင် နိုင်ငံတစ်ဝန်း ပြည်နယ် ခုနစ်ခုရှိ အောက် လွှတ်တော် မဲဆန္ဒနယ် ၆၄ ခုတွင် စတင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခု အဆင့် မဲပေးမှုသည် လက်ရှိ အာဏာရ ကွန်ဂရက်ပါတီ အတွက် အရေးပါပြီး လွှတ်တော် ကိုယ်စားလှယ် ၆၄ နေရာ၏ ထက်ဝက်နီးပါးခန့်ကို မဲပေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်များတွင် နာရန်ဒရာမိုဒီက ဂန္ဒီမိသားစု အပေါ် အဓိကထား ယှဉ်ပြိုင်မှု များ ပြုလုပ်ခဲ့သည်။ မိုဒီသည် ကွန်ဂရက် ပါတီ၏ ဒုတိယဥက္ကဋ္ဌ ရာဟူးဂန္ဒီ ပါဝင်ယှဉ်ပြိုင်လျက် ရှိသည့် ဥတ္တရာပရာဒေ့ရှ် ပြည်နယ် Amethi ခရိုင်တွင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ဟိန္ဒူ နေ့စဉ်သတင်း စာ၏ အဆိုအရ BJP ပါတီသည် ဥတ္တရာပရာဒေ့ရှ်နှင့် ဘီဟာပြည်နယ်များတွင် စည်းရုံး လှုံ့ဆော်မှုများ ကောင်းစွာ ပြုလုပ်နိုင်ခဲ့ပြီး အောက်လွှတ်တော် အသစ်တွင် အကြီးမားဆုံး တစ်ခုတည်းသော ပါတီ ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။ အောက်လွှတ်တော် မဲဆန္ဒနယ် အတွက် မဲပေးမှုများကို ဘီဟာပြည်နယ်တွင် ခုနစ်နေရာ၊ ဥတ္တရာပရာဒေ့ရှ် ပြည်နယ်တွင် ၁၅ နေရာ၊ အနောက် ဘင်ဂေါပြည်နယ် တွင် ခြောက်နေရာ၊ ဥတ္တရာခန်း ပြည်နယ်တွင် ငါးနေရာ၊ ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်တွင် လေးနေရာနှင့် ကက်ရှ်မီးယား ပြည်နယ်တွင် နှစ်နေရာတို့ အပြင် ဟီမာချယ်ပရာဒေ့ရှ် ပြည်နယ်တွင် အမတ်နေ ရာ နှစ်နေရာတို့ အတွက် မဲပေးမှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top