ဘောလုံး ကြယ်ပွင့်တွေပုံကို ဖရဲသီးပေါ် ထွင်းထုတဲ့ သတင်း

ဘရာဇီးလ်စာဖိုမှူး ရိုဂျီရီယိုဟော်လန်ဒါက စူပါစတား ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ရိုနယ်ဒိုတို့ရဲ့ ပုံတွေကို ဗုဒ္ဒဟူးနေ့က ဖရဲသီးပေါ်မှာ ထွင်းထုပြပြီး ကမ္ဘာ့ဖလားပွဲကို ကြိုဆိုလိုက်ပါတယ်။ အသက်(၂၉)နှစ်ရှိ ဟော်လန်ဒါဟာ ဆော်ပေါ်လိုမြို့က ကြယ်လေးပွင့်အဆင့်ရှိ ဆမ်ရာဖေး ဟိုတယ်ရဲ့ စားဖိုမှူးချုပ် ဖြစ်ပါတယ်။ ဒါပေမယ့် သူကပန်းပုကို ၀ါသနာပါပြီး အချိန်ပိုင်းအနေနဲ့ ပန်းပုဆရာအလုပ်ကိုလည်း လုပ်ပါတယ်။ ဖရဲသီးအခွံပေါ်မှာ ပုံတွေထွင်းထုတာကို သူက လွန်ခဲ့တဲ့ (၁၂)နှစ်ကတည်းက လုပ်ခဲ့တာပါ။ ပထမဆုံး ပန်းပုံတွေဖော်ပြီး နောက်တော့ သူ့ဇနီးမျက်နှာပုံကို ဖရဲသီးပေါ်မှာ ထွင်းပါတယ်။ အခုတော့ သူ့ရဲ့ဖရဲသီး ပန်းပုလက်ရာတစ်ခုကို (၁၅)မိနစ်နဲ့ မိနစ်(၂၀)အတွင်း ပြီးအောင် သူလုပ်နိုင်ပါတယ်။ "ကျွန်တော်က ထမင်းချက်ပါ။ ဒီပန်းပုက ၀ါသနာပါ။ ကျွန်တော့်စိတ်ကို အာရုံပြောင်းတဲ့ အနေနဲ့ ဖန်တီးတာပါ။ နောက်ပြီး အဲဒီပုံတွေက ဟိုတယ်ကိုလာတဲ့ သုတွေကိုလည်း ပျော်ရွှင်စေပါတယ်"လို့ ဟော်လန်ဒါက ပြောပါတယ်။ အာဂျင်တီးနား ဘောလုံးသမား မက်ဆီ၊ ဘရာဇီးလ် ဘောလုံးသမား နေမာနဲ့ ပေါ်တူဂီဘောလုံးသမား ရိုနယ်ဒိုတို့ဟာ ဇွန်လ(၁၂)ရက်စမယ့် ကမ္ဘာ့ဖလားပွဲမှာ ခြေစွမ်းပြမယ့် သူတွေအဖြစ် သူက မျှော်မှန်းထားပါတယ်။
No comments:
Post a Comment