Thursday, May 8, 2014

ဂျနီဖာလိုပက်ဇ်၏အယ်လ်ဘမ်သစ် ဇွန်လတွင်ဖြန့်ချီမည်


နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်သော ဂျနီဖာလိုပက်ဇ်၏ အယ်ဘမ်သစ်ကို ဇွန် ၁၇ ရက်တွင်ဖြန့်ချီမည်ဟု အတည်ပြုချက်ထုတ်ပြန်လိုက်ကြောင်း အင်္ဂလန်နေ့စဉ်ထုတ် သတင်းစာ ဒေးလီးမေးလ်က ယနေ့ ဖော်ပြသည်။
အဆိုပါအယ်လ်ဘမ်သစ်တွင်ဒပြီလကုန်ပိုင်းက မိတ်ဆက်ခဲ့သော သီချင်းသစ်တစ်ပုဒ်ဖြစ်သည့် First Love သီချင်းပါဝင်မည်ဟု ဂျနီဖာလိုပက်ဇ်၏မန်နေဂျာကပြောသည်။ အယ်လ်ဘမ်သစ်၏ အမည်ကို A.K.A ဟုအမည်ပေးထားပြီး ကမ္ဘာကျော်အဆိုတော်များဖြစ်သော Pitbull, Iggy Azalea, Sia, frech Montana, Rick Ross, T.I တို့နှင့်ပူးတွဲသီဆိုထားသည့် သီချင်းသစ်များလည်းပါဝင်မည်ဖြစ်သည်။ ယခုအယ်လ်ဘမ်မှာဂျနီဖာလိုပက်ဇ်၏ ၁၀ခုမြောက် အယ်လ်ဘမ်ဖြစ်သည်ဟုသိရသည်။
ဂျနီဖာလိုပက်ဇ်က အယ်လ်ဘမ်သစ်နှင့်ပက်သတ်၍ "ကျွန်မဆီမှာ အပြောင်းအလဲတချို့ရှိလာခဲ့တာကြောင့် အယ်လ်ဘမ်သစ်ထဲမှာ အပြောင်းအလဲတွေကိုခံစားရပါလိမ့်မယ်။ ကျွန်မကို ပျော်ရွင်မှုဖြစ်စေတဲ့ သီချင်းတွေနဲ့ခံစားချက်ဖြစ်ပေါ်စေတဲ့ သီချင်းတွေကို အယ်လ်ဘမ်သစ်ထဲမှာ အတတ်နိုင်ဆုံးရွေးချယ် ထည့်သွင်းထားပါတယ်" ဟုပြောသည်။

No comments:

Post a Comment

back to top