Thursday, May 8, 2014

နာမည်ကြီး အမျိုးသမီး အဆိုတော် ၁၂ ဦး ပါဝင်မည့် The Dozen Ladies Music Concert ကျင်းပမည် 

ဂီတလောကတွင် အောင်မြင်မှုများ ရရှိပိုင်ဆိုင်ထားသည့် အမျိုးသမီး အဆိုတော် ၁၂ ဦး ပါဝင်သီဆိုဖျော်ဖြေ မည့် The Dozen Ladies Music Concert ဖျော်ဖြေပွဲကြီးကို မေ ၁၂ ရက် ည ၇ နာရီတွင်  ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ တေးသံရှင်  မေဆွိက   ပြောပြသည်။ အဆိုပါ ဖျော်ဖြေပွဲကို   PEE PAW Entertainment  နှင့် တေးသံရှင်မေဆွိတို့က ကြီးမှူး၍ Plus Three Band နှင့်အတူ မေဆွိ၊ ထွန်းအိန္ဒြာဗို၊  မေခလာ၊ ကော်နီ၊ တင်ဇာမော်၊ ရှင်ဖုန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်နှင့် အိုင်ရင်းဇင်မာမြင့်တို့က တစ်ဦးလျှင် နှစ်သက်ရာတေး သီချင်း သုံးပုဒ်ခန့်စီ ဖျော်ဖြေ တင်ဆက်ကြမည်ဟု သိရသည်၊၊
ရှိုးပွဲ လက်မှတ်များကို တော်ဝင်စင်တာ၊ မန်းသီရိ တေးသံသွင်းနှင့်  စမ်းချောင်းမြို့နယ်ရှိ 4HD MRTV-4 စသည့် နေရာများတွင် ဝယ်ယူရရှိနိုင်ပြီး လက်မှတ်ဈေးနှုန်းများ အနေဖြင့် ငွေကျပ်  ၂ဝဝဝဝ၊ ၁၂ဝဝဝ၊ ၅ဝဝဝ စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်၊၊

 

No comments:

Post a Comment

back to top