ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား တက်ရောက်ရန် ပါကစ္စတန် ဝန်ကြီးချုပ်အား အိန္ဒိယ ဝန်ကြီးချုပ်သစ် ဖိတ်ကြား
အိန္ဒိယ ဝန်ကြီးချုပ်သစ် နာရန်ဒရာ
မိုဒီသည် မေ ၂၆ ရက်တွင် ကျင်းပမည့် ၄င်း၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့
တက်ရောက်ရန် ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်နှင့် အခြားတောင်
အာရှနိုင်ငံများမှ ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်ဟု BJP ပါတီမှ ပြောရေး
ဆိုခွင့်ရှိသူ နာမာလာ စီတာရာမန်က ပြောကြားသည်။
တောင်အာရှဒေသတွင်း ပူးပေါင်း
ဆောင်ရွက်မှုအဖွဲ့ (SAARC) မှ အစိုးရအဖွဲ့ ခေါင်းဆောင်များ အားလုံးသည် မိုဒီ၏
ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ ပါဝင် တက်ရောက်ရန် ဟူသော ဖိတ်ကြား စာများကို
လက်ခံရရှိ ထားကြကြောင်းနှင့် ဝန်ကြီးချုပ် သစ်မိုဒီသည် မေ ၂၆ ရက်တွင် ကျမ်းသစ္စာ
ကျိန်ဆိုပွဲ အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း စီတာရာမန်က ပြောကြားသည်။
မိုဒီ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ
အခမ်းအနားသို့ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်သာ တက်ရောက်ခဲ့ပါက ၄င်း၏
တက်ရောက်မှုသည် ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး ချိန်မှစ၍ စစ်ပွဲ သုံးကြိမ်
ဖြစ်ပွားခဲ့သည့် နျူကလီးယား လက်နက်နိုင်ငံကြီးများ ဖြစ်သော ပါကစ္စတန်နှင့် အိန္ဒိယ
နိုင်ငံတို့၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် အခမ်းအနား တက်ရောက်မှု ဖြစ်လာ
လိမ့်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment