Monday, May 26, 2014


လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနှင့် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီး လင်းရေး လုပ်ငန်းများ ကြည့်ရှုအားပေး


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဆွေအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ကြည်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးတင်ဦး၊ မြို့နယ်ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသိန်းထွန်း တို့သည် မေလ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် မြို့ချောင်းကျေးရွာအုပ်စုအတွင်းရှိ မြို့ချောင်းကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာ တို့၌ လွှတ်တော် အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများကို အသီးသီး ဆွေးနွေးပြီး ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ပေးမှု အခြေအနေများ ကို ဆွေးနွေးပြီး မီးလင်းရေးကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


No comments:

Post a Comment

back to top