Myanmar Union Express Charter Airline မြိတ်- ဗန်ကောက် (ထိုင်း) တိုက်ရိုက် ခရီးစဉ် စတင် ပြေးဆွဲ
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့မှ ပြည်ပ
ခရီးစဉ်များသို့ လေကြောင်းလိုင်းမှ သွားရောက် လိုသူများ လွယ်ကူ စေရန်နှင့်
ဒေသမှ ထွက်ရှိသော ရေထွက်ကုန် ပစ္စည်းများ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန်
အတွက် Union Express Aviation Group နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်း
လီမိတက်တို့ ပူးပေါင်း၍ မြိတ်- ဗန်ကောက် ခရီးစဉ် အဖြစ် Myanmar Union
Express Charter Airline သည် မေ ၈ ရက် မှ စတင် ကာ တိုက်ရိုက်ပြေးဆွဲ ပေးနေပြီ
ဖြစ်ကြောင်း သိရ သည်။
အဆိုပါ လေကြောင်းလိုင်းမှ New Gen Airways
HS-NGC လေယာဉ်သည် ခရီးစဉ်အမှတ် E3-83101 ထိုင်းနိုင်ငံ ဗန်ကောက်မြို့
Donmueang လေဆိပ်မှ လေယာဉ်မှူး Mr.Michael Reismann မောင်းနှင် ၍ လေယာဉ်
ဝန်ထမ်း ၁၃ဦး၊ ခရီးသည် ၁၈ဦး လိုက်ပါလာကြောင်း သိရသည်။
မြိတ်လေဆိပ်တွင် လေယာဉ်မှူး နှင့်အတူ
လိုက်ပါလာသော လေယာဉ် ဝန်ထမ်းများနှင့် ဧည့်သည်များကို တနင်္သာရီတိုင်း
ဒေသကြီး ဝန်ကြီးချုပ်နှင့် မြိတ်ခရိုင် ဌာန ဆိုင်ရာ တာဝန်ရှိသူများက
ကြိုဆို နှုတ်ဆက် ကြပြီး လေဆိပ် ဧည့်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ
ဆွေးနွေးကြသည်။
အဆိုပါ ခရီးစဉ် အတွက် လိုအပ်သော
နိုင်ငံကူး လက်မှတ် Passport ၊ ပြည်ဝင်ခွင့် Visa များကို တာဝန်ရှိ သူများက
စစ်ဆေး ကောက်ယူကြပြီး လေယာဉ်မှူးနှင့် လေယာဉ် ဝန်ထမ်း ၁၃ဦး၊
ထိုင်းနိုင်ငံမှ လိုက်ပါ လာသော ခရီးသည် ၁၈ဦးနှင့် မြိတ်မြို့မှ
ထိုင်းနိုင်ငံသို့ လိုက်ပါမည့် ခရီးသည် ၄၂ဦး စုစုပေါင်း ၇၃ဦးကို တင်ဆောင်ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ မြိတ်လေဆိပ်မှ မွန်းလွဲ ၂နာရီ မိနစ်၂ဝတွင် ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။
အဆိုပါ လေကြောင်းလိုင်းမှ မြိတ်- ဗန်ကောက်
ခရီးစဉ်ကို ယခုမေလ အတွင်း မေ ၁၂ရက်၊ ၁၆ရက်၊ ၂ဝရက်၊ ၂၃ရက်၊ ၂၇ရက်နှင့်
၃ဝရက်တို့တွင် ထပ်မံပြေးဆွဲ ပေးမည် ဖြစ်ကြောင်း မြိတ်အများပိုင်
ကော် ပိုရေး ရှင်း လီမိတက်၏ တာဝန်ရှိသူ တစ်ဦးထံမှ
သိရသည်။
No comments:
Post a Comment