Friday, May 9, 2014

အခမဲ့ဝိုင်ဖိုင် အင်တာနက်ဇုန်(၅)ခုအား Public Area များတွင် တိုးချဲ့တပ်ဆင်ပေးသွားမည်

အများပြည်သူ အပန်းဖြေရာနေရာများနဲ့ အချို့နေရာများမှာ Red Link နည်းပညာကုမ္ပဏီမှ ၀ိုင်ဖိုင်အခမဲ့
ထုတ်လွှင့်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါမှာလည်း နောက်ထပ် နေရာ(၅)ခုမှာ အခမဲ့ ၀ိုင်ဖိုင် အင်တာနက်ဇုန်အဖြစ် ဆောင်ရွက်မှုတွေကိထပ်မံပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရသည်။
အခမဲ့ ၀ိုင်ဖိုင် တပ်ဆင်ပေးသွားမည့်  နေရာများမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ရန်ကုန်ဘူတာကြီး၊ ရန်ကုန်ပြည်တွင်းလေဆိပ်၊ ရန်ကုန်ဆေးတက္ကသိုလ်နဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလေဆိပ်နဲ့ မန္တလေး တက္ကသိုလ်တို့ ဖြစ်ကြောင်းသိရသည်။ အဆိုပါ နေရာများတွင် ၀ိုင်ဖိုင်အခမဲ့ တပ်ဆင်ပေးနိုင်ရန် အတွက်ကိုတော့ သက်ဆိုင်ရာမှ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး အမြန်ဆုံး တပ်ဆင်ပေးနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်ကန်တော်ကြီးဥယျာဉ်နဲ့ မန္တလေးမဟာမြတ်မုနိ ဘုရားကြီး တို့မှာလည်း ၀ိုင်ဖိုင်အခမဲ့ တင်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဒီလိုတပ်ဆင်ပေးရာ မှာ နေရာ တစ်ခုစီကို စုစုပေါင်းကုန်ကျစရိတ်အနေနဲ့ ငွေကျပ်သိန်း(၄၅၀)ကျော် ကုန်ကျခံကာ တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ref;mrtv-4

 

No comments:

Post a Comment

back to top