Friday, May 9, 2014

Professional Designer အဖြစ် ရပ်တည်လိုသူများ အတွက် ဒီဇိုင်း သင်တန်းသစ် ဖွင့်လှစ်မည်

မီဒီယာ နယ်ပယ် အသီးသီး၌ ကျွမ်းကျင် ပညာရှင်အဆင့် အဖြစ် ရပ်တည် အသက်မွေး လိုသူများ အတွက်
ဒီဇိုင်းပညာရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ ပညာရပ်များ၊ ဟာမိုနီ ကာလာများ အကြောင်း၊ အလင်းအမှောင်နှင့် ဒီဇိုင်း အနေအထားတို့ကို သိရှိစေရန် Professional Multi ~ Designer သင်တန်းကို Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ မကြာမီ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် Vector Graphic နှင့် Logo Design များ ဖန်တီး ရေးဆွဲခြင်း အတွက် Adobe Illustrator ၊ အရည်အသွေးမြင့် Computer Graphic (CG) များ ဖန်တီးခြင်း၊ ဓာတ်ပုံပြုပြင်ခြင်း၊ ဗီနိုင်း၊ ဘေဘုတ်၊ ပိုစတာများ ဖန်တီး ရေးဆွဲခြင်း အတွက် Adobe Photoshop ၊ သုံးဘက်မြင် ရှုခင်းများ၊ ရုပ်ပုံများ ဖန်တီး ရေးဆွဲခြင်း အတွက် Bryce ၊ လှုပ်ရှားမှုပုံရိပ် (Animation) များ၊ Game များ ဖန်တီးရေးဆွဲခြင်း အတွက် Adobe Flash ၊ အသံပိုင်းဆိုင်ရာ တည်းဖြတ်မှု အတွက် Sony ACID ၊ ဂျာနယ်၊ မဂ္ဂဇင်း Layout Design တည်ဆောက်မှုများ အတွက် Adobe Indesign ၊ Electronic Publishing လုပ်ငန်းများ အတွက် Adobe Acrobat စသည့် ဘာသာရပ်များကို လေ့လာ သင်ယူရမည် ဖြစ်သည်။
PMD သင်တန်း ပြီးမြောက် အောင်မြင်သူများသည် ဗီဒီယို၊ ရုပ်သံ Editing လုပ်ငန်း၊ ဂျာနယ်၊ မဂ္ဂဇင်း ဒီဇိုင်းလုပ်ငန်း၊ ဗီနိုင်း၊ လက်ကမ်းကြော်ငြာနှင့် ဘေဘုတ် ရေးဆွဲခြင်း လုပ်ငန်း၊ ဓာတ်ပုံတည်းဖြတ်ခြင်း လုပ်ငန်း၊ Games ရေးဆွဲခြင်း လုပ်ငန်းများတွင် ကျွမ်းကျင် ပညာရှင် အဆင့်ဖြင့် ဝင်ရောက် လုပ်ကိုင်နိုင် မည့် အပြင် နိုင်ငံတကာ အဆင့်မီ အွန်လိုင်းစာမေးပွဲ (ACE-Adobe Certified Expert) ဖြေဆိုလိုသူများ အတွက် လည်းများစွာ အထောက်အကူ ဖြစ်စေမည်ဟု သိရသည်။
သင်တန်း တက်ရောက် လိုသူများသည် M3WI သင်တန်း တည်ရှိရာ အဆောင် (၅) အခန်း (၄) မြန်မာအင် ဖိုတက်ခ် လှိုင်တက္ကသိုလ်နယ်မြေ ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁-၆၅၂၂၈၈၊ ဝ၁-၅၂၁၁၂၅ တို့သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top