ပြည်ခိုင်ဖြိုးပါတီက ထားဝယ်ခရိုင်အတွင်းမှ ရေရှားပါးပြည်သူများ
အား သောက်သုံး ရေလှူဒါန်း
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအချို့ တွင် ရာသီဥတုပူပြင်း ခြောက်သွေ့မှုကြောင့် ရေတွင်း ရေကန်များခန်းခြောက် ကာ ရေ ရှားပါးမှုပြဿနာများနှင့် တွေ့ကြုံ နေရသည့် ပြည်သူလူထုအား ပြည် ခိုင်ဖြိုးပါတီက စုပေါင်းရေအလှူ ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရေရှားပါးမှုခံစားနေရ သော သရက်ချောင်းမြို့နယ် ညောင်ဇင်စံပြ ကျေးရွာ သို့ ယခုလ ၅ရက် ညနေ ၄ နာရီတွင်ရေဂါလန် ၂၄၄ဝ ပါရှိသော ရေသယ်ကားဖြင့် လည်းကောင်း၊ ယခုလ ၆ ရက် နံနက် ၉ နာရီနှင့် မွန်းလွဲ ၂ နာရီ တို့တွင် ထားဝယ်မြို့နယ် ရောင်း မော်၊ရှင်မုတ္တီး၊ ကနိုင်းဒါ၊ အလယ် ကုန်း၊ကူးတို့၊ ကျောက်ရပ်ကျေးရွာ များသို့ ရေသယ်ကားနှစ်ခေါက်ဖြင့် လည်းကောင်း၊ ရွာသူရွာသားများ အား သောက်သုံးရေများဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။
အဆိုပါသောက်သုံးရေလှူဒါန်း ရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ ထားဝယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့က စုပေါင်းလှူဒါန်းကြခြင်းဖြစ် ပြီး ရေသယ် ကားတစ်စီးလျှင် ကုန်ကျငွေ ကျပ်တစ်သိန်းဖြစ်၍ ရေသယ်ကားသုံးခေါက် အတွက် ကျပ်ငွေသုံးသိန်းဖိုး ကူညီလှူဒါန်း ပေးခဲ့ရာ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကျော်ဝင်း(၁)နှင့် ကော်မတီဝင်
ဒေါ်မြမြစိမ်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ကော်မတီ ဝင်နှစ်ဦး၊ ထားဝယ်မြို့နယ် ပါတီ ယာယီအတွင်းရေးမှူးဦးအောင်စိန် နှင့်ကော်မ တီဝင် များ၊ ရပ်ကွက် ပါတီစည်းရုံးရေးအဖွဲ့ဝင်များနှင့် ပါတီ ရုံးဝန်ထမ်းများ ကိုယ်တိုင် လိုက်ပါကူညီဆောင်ရွက်ပေးကြ ကြောင်းသိရသည်။

No comments:
Post a Comment