Tuesday, May 6, 2014


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ်နှင့် ဂျပန်ဝန်ကြီး ချုပ်ဟောင်း Mr. Yoshihiko NODA နှင့်တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သည် ဧပြီ (၂၉) ရက် ည (၉) နာရီအချိန်တွက် မြန်မာနိုင်ငံသို့ ချစ်ကြည် ရေးလာရောက်ပြီး ဂျပန်နိုင်ငံ သို့ ပြန်လည်ထွက်ခွာမည့် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် နှင့် ဂျပန် ၀န်ကြီးချုပ်ဟောင်း Mr. Yoshihiko NODA အား အပြည်ပြည်ဆိုင်ရာလေဆိပ် အထူး ဧည့်သည်တော်များ နားနေခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နှင့် ဂျပန် ၀န်ကြီးချုပ်ဟောင်း Mr. Yoshihiko NODA တို့သည် မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံ တိုးမြှင့်ဆောင်ရွက်ရေး အခြေအနေများအား ရင်းရင်းနှီးနှီး ပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး က ဂျပန်ဝန်ကြီး ချုပ်ဟောင်း Mr. Yoshihiko NODA အား လေယာဉ်ပေါ်သို့ ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment

back to top