Tuesday, May 6, 2014


တင်းမာမှု မြင့်မားနေသည့် ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ဘန်ကီမွန်း စိုးရိမ်
ယူကရိန်း အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယူကရိန်း နိုင်ငံတွင် တင်းမာမှု အခြေအနေများ မြင့်မားနေသည့်အတွက် စိုးရိမ်ပူပန်ကြောင်း မေလ (၃) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

ယူကရိန်းပဋိပက္ခ ပြေလည်ရေးအတွက် နှစ်ဖက်လုံးမှ အပေးအယူ သဘောတူညီမှုများကို နှစ်ဆ ကြိုးစား မြှင့်တင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့်တောင်ပိုင်း ဒေသတို့၌ အခြေအနေ ဆိုးရွားလာမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်လျက်ရှိသည်ဟု ကုလသမဂ္ဂနိုင်ငံရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ၈ျက်ဖရီဖက်မင်းက ပြောကြား ခဲံပါသည်။ ယူကရိန်းနိုင်ငံ ဆလိုရန့်စ်မြို့ကို ပြန်လည် သိမ်းယူနိုင်ရန် ကြိုးပမ်းနေသော အစိုးရတပ်ဖွဲ့မှ စစ်ရဟတ်ယာဉ် နှစ်စင်းကို ပစ်ချခံရသည့်နောက် တင်းမာမှုများ ပိုမိုမြင့်မားလာခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top