အာဖရိက၌ တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် အငြင်းပွားမှုများကြီးမားလာ
အာဖရိက၌ တရုတ်နိုင်ငံ၏
ရင်းနှီးမြှုပ်နှံခြင်းများအပေါ် အငြင်းပွားမှုများမြင့်တတ်လာခြင်းသည် ဖွံ့ဖြိုးလျက်ရှိသော
နှစ်နိုင်ငံဆက်ဆံရေးကို ကြီးမားစွာထိခိုက်လာကြောင်း၊ ယမန်နှစ်က နှစ်နိုင်ငံ ကုန်သွယ် မှု
တန်ဖိုးသည် ဒေါ်လာဘီလီယံ ၂၀၀ အထိ ရောက်ရှိခဲ့ကြောင်း ၀န်ကြီးချုပ်လီကွေ့ကျန်းက တနင်္ဂနွေနေ့တွင်
အာဖရိကခရီးစဉ်မစမီ ပြောကြားခဲ့သည်။
ကင်ညာ၊ အန်ဂိုလာ၊
နိုင်ဂျီးရီးယားနှင့် အီသီယိုးပီးယားနိုင်ငံများသို့ မေ ၄ ရက်မှ ၁၁ ရက်နေ့အထိ ကြာမြင့်သော
ခရီးစဉ် မထွက်ခွာမီ ၀န်ကြီးချုပ်က ပြောကြားရာမှာ အာဖရိကရှိ တရုတ်ကုမ္ပဏီ များသည် ဒေသဆိုင်ရာ
ဥပဒေများ၊ စည်းမျဉ်းကမ်းများကို လိုက်နာရန် လိုအပ်သကဲ့သို့ ဒေသခံပြည်သူ တို့၏ အကျိုးစီးပွားကို
ကာကွယ်ရန်လည်း တာဝန်ယူရမည်ဟုဆိုသည်။
တရုတ်စီးပွားရေးလုပ်ငန်းများသည်
အာဖရိက၌ အခြေခံအဆောက်အအုံများ၊ သတ္တုတွင်းများနှင့် စွမ်းအင် ကဏ္ဍများတွင် ကြီးပွားစွာ
ရင်းနှီးမြှုပ်နှံထားသကဲ့သို့ ရေနံနှင့်ကြေးနီးကဲ့သို့သော အဓိက ကုန်ပစ္စည်းများပိုမိုရရှိရန်
ကြိုးစားလျက်ရှိသည်။
သို့သော်
တရုတ်ကုမ္ပဏီများသည် ဒေသခံဝန်ထမ်းများအပေါ်၌ တရားမျှတမှု ကင်းမဲ့စါာ ဆက်ဆံကြ သည်ဟု စွပ်စွဲမှုများရှိနေသည်။
ချန်ဒ်နှင့် နိုင်ဂျာ၌ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းနှစ်ခု မှ ရေနံအလုပ်သမားများသည်
လစာပေးမှု မညီမျှသည့်အတွက် မတ်လတွင် သပိတ်မှောက်ခဲ့ကြသည်။
၂၀၀၉ ခုနှစ်တွင
်အာဖရိက၏ အကြီးဆု့း ကုန်သွယ်ဖက်နိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စု ကို ကျော်ဖြတ်ခဲ့သည့်
တရုတ်နိုင်ငံ၏ ကုမ္ပဏီပေါင်း ၂၅၀၀ ကျော်သည် အာဖရိကတွင် စီးပွားရေးရှာ လျက်ရှိသည်။
၂၀၁၃ ခုနှစ်
တရုတ်နှင့် အာဖရိကနိုင်ငံများအကြား နှစ်နိုင်ငံကုန်သွယ်မှု တန်ဖိုးသည် ဒေါ်လာဘီလီယံ ၂၁၀
ကျော်လွန်ခဲ့သော်လည်း ပေကျင်းသည် ဒေသခံများအတွက် အလုပ်အကိုင်များ၊ ဈေးကွက် များဖန်တီးပေးရေးထက်
သယံဇာတကုန်ကြမ်းများရယူရေးကိုသာ ကြိုးပမ်းခြင်းကြောင့် အာဖရိက၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို
နှောင့်နှေးစေခဲ့သည်ဟု စွပ်စွဲကြသည်။
No comments:
Post a Comment