Friday, May 9, 2014

မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည် 

မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော် မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းလက်အောက်ရှိ စာတိုက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် နည်းစနစ် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန် ဆက်သွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၏ စာပို့နှင့် ချောပို့စနစ်ကို ပိုမိုခေတ်မီ၍ ရိုးရှင်း လွယ်ကူသော ဂျပန်ပုံစံ စာတိုက်နှင့် ချောပို့ စနစ်သို့ စနစ်တကျနှင့် အလျင်အမြန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ် သည့် ထောက်ပံ့ မှုများပေးမည် ဖြစ်ကြောင်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

back to top