အမှိုက်သိမ်း အမှိုက်စွန့်လုပ်ငန်း လုပ်ကိုင်ရန် တင်ဒါသွင်းသည့် ကုမ္ပဏီ ၁၁ ခု ရွေးချယ်မည်
အမှိုက်သိမ်းနှင့်
အမှိုက် စွန့်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲအပ်ရန် တင်ဒါတင်သွင်းထား သည့်
ကုမ္ပဏီ ၁၁ ခုထဲမှ ပြန်လည်ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။
ရန်ကုန်စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်လျက်ရှိသည့် အမှိုက်သိမ်းဆည်းခြင်းနှင့် အမှိုက် များကို နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေး ရန် တင်ဒါခေါ် ယူခဲ့ရာ ကုမ္ပဏီ ၂၁ ခု တင်ဒါတင်သွင်းခဲ့ခြင်းဖြစ်သည်။
‘‘တင်ဒါပိတ်တော့ ကုမ္ပဏီ ၂၁ ခု လာတင်တယ်။ ဒါပေမဲ့ ကုမ္ပဏီသုံးခုက ဆက်လက်မလုပ် ဘူးလို့ အကြောင်းကြားတယ်။ ကျန်ကုမ္ပဏီတွေကို လုပ်ငန်းစဉ်ရှင်းလင်းပွဲလုပ်ဖို့ အကြောင်းကြား တော့ ကုမ္ပဏီ ၁၁ ခုပဲ လာတယ်။ အဲဒီအတွက် ဒီ ၁၁ ခုထဲကပဲ ပြန်ရွေးချယ်သွားမယ်’’ဟု ၎င်းက ဆိုသည်။
တင်ဒါ တင်သွင်းခဲ့သည့် ကုမ္ပဏီများတွင် ပြည်ပနိုင်ငံမှ ကုမ္ပဏီသုံးခုနှင့် ပြည်တွင်း ကုမ္ပဏီရှစ်ခုတို့ ပါဝင်ကြောင်း ၎င်းကပြောသည်။
အဆိုပါ ကုမ္ပဏီ ၁၁ ခုသည် လုပ်ကိုင်မည့် ခရိုင်အလိုက် အပြီးသတ်အဆိုပြုလွှာကို စက်တင် ဘာတွင် တင်ပြရမည်ဖြစ်ပြီး ရန်ကုန်စည်ပင်သာယာရေး ကော်မတီနှင့် တိုင်းဒေသကြီး အစိုးရတို့ က ပြန် လည်ရွေးချယ်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြား သည်။
တင်ဒါအောင်သည့် ကုမ္ပဏီ များသည် ၂၀၁၅ ဧပြီတွင် စတင် လွှဲပြောင်းလုပ်ကိုင်ရမည်ဖြစ်ပြီး လုပ်ကိုင် ခွင့်ပြုမည့် ကာလမှာ ၁၀ နှစ် သက်တမ်းသတ်မှတ်ထား သည်။
အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ စွန့်ပစ်ခြင်း လုပ်ငန်း စဉ်များကိုပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် အိမ်ထောင်စုများ စွန့်ပစ်သည့် အမှိုက်များ သာ ပါဝင်ပြီး ဆေးရုံ၊ ဆေးခန်း များမှ ထွက်ရှိသည့် အမှိုက်များ၊ စက်မှုဇုန်ထွက် အမှိုက်နှင့် အန္တရာယ်ရှိ စွန့်ပစ် အမှိုက်များ သိမ်းဆည်းခြင်းလုပ်ငန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

No comments:
Post a Comment