Friday, May 9, 2014

စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲသော ဟိုင်းလပ်ယာဉ်များ ကို နေရာလေးနေရာ၌ စစ်ဆေး အရေးယူမည် 

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ဧပြီ ၃ဝ ရက် အထိသာ ဝင်ရောက် ပြေးဆွဲခွင့် ပြုခဲ့ရာ ကန့်သတ်ရက်များ ကျော်လွန်သော်လည်း ဝင်ရောက် ပြေး ဆွဲနေ သောယာဉ်များကို စစ်ဆေး အရေးယူလျက် ရှိကြောင်း မ-ထ-သ(ဗဟို) မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းသို့ ဟိုင်းလပ်ယာဉ်များ ဝင်ရောက်၍ ခရီးသည် တင်ဆောင် ပြေးဆွဲခွင့် မပြုရန် အဓိက နေရာ လေးနေရာ၌ စစ်ဆေးရေးအဖွဲ့များ ချထားပြီး စစ်ဆေး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း မ-ထ-သ(ဗဟို) အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။
ယခု အချိန်အထိပင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်၍ ခရီးသည် တင်ဆောင် ပြေးဆွဲနေသည့် ဟိုင်းလပ်ယာဉ်များကို ညနေပိုင်းနှင့် ညပိုင်းများတွင် အများဆုံး တွေ့မြင် ရသည်။
စစ်ဆေး အရေးယူမှုတွင် ချလန် ဖြတ်ပိုင်း ဖြတ်၍ အရေးယူခြင်းလည်း ရှိပြီး မှတ်တမ်းတင်၍ မှတ်သား အရေး ယူခြင်းလည်း ရှိကြောင်း သိရသည်။ ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဝင်ရောက်၍ ခရီးသည် တင်ဆောင် ပြေးဆွဲခြင်းများ မပြုလုပ်ရန် စစ်ဆေး အရေး ယူ နေသည့် အဓိကနေရာ လေးနေရာမှာ သံလျင် တံတားထိပ်၊ ရွှေပြည်သာ ၁၄ လမ်းဆုံ၊ လှော်ကား ဥယျာဉ် ထိပ်နှင့် မြို့ရှောင်လမ်း ၅၁ ကားဂိတ် အနီးတို့ ဖြစ်သည်။

 

No comments:

Post a Comment

back to top