ဂျပန် အခြေစိုက် Honda ကုမ္ပဏီ အရောင်း စင်တာ ရန်ကုန်မြို့၌ စတင် ဖွင့်လှစ်
ဂျပန်နိုင်ငံအခြေစိုက်
Honda ကုမ္ပဏီ၏ ကားအပိုပစ္စည်းနှင့် လုပ်ငန်းသုံး စက်ကိရိယာ ပစ္စည်း များ
ရောင်း ချ သော အရောင်းစင်တာကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်လိုက်ပြီ
ဖြစ်ကြောင်း NCX Myanmar Co., Ltd. မှ
သိရသည်။''မြန်မာနိုင်ငံအတွင်းမှာ Honda ကား စီးနေတဲ့သူတွေနဲ့ Honda
စက်ပစ္စည်းတွေ သုံးတဲ့ သူတွေ အဆင်ပြေအောင် အရောင်းစင်တာကို
ဖွင့်လှစ်လိုက်တာပါ။ Honda စက်ပစ္စည်းမျိုးစုံနဲ့ စက်ကိရိ ယာ အားလုံး
အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းချပေးသွားမှာပါ''ဟု NCX Myanmar
Co.,Ltd. မှ National Sale Myanmar ဦးအောင်သူမြင့်က ပြောကြားသည်။
အဆိုပါ ကားအရောင်းစင်တာတွင် Honda ကုမ္ပဏီ၏
ကားအပိုပစ္စည်းများ အပြင် Honda ကုမ္ပဏီမှ ထုတ် လုပ်သော လယ်ယာသုံး စက်ကိရိယာ၊
မီးစက်၊ ရေစက်၊ ရေစုပ်ပန့်နှင့် ထွန်ယက်စက်များကို ရောင်း ချ
ပေး သွားမည်ဖြစ်သည်။ Honda ကုမ္ပဏီထုတ် ကားများကို အဆိုပါကုမ္ပဏီ၏ MVCI
(Modular Vehicle Communication Interface) စနစ်ဖြင့်
စစ်ဆေးပေးခြင်းနှင့် ကားအပိုပစ္စည်း လဲလှယ်တပ်ဆင် ပေးခြင်း များ ကို
ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment