Thursday, May 8, 2014

နေပြည်တော်၌ မြန်မာ့ရိုးရာ လက်မှု အနုပညာပြပွဲ ခင်းကျင်းပြသမည်

ယခုအခါ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည်များ လာရောက်မှု ပိုမိုတိုးတက်များပြား လျက် ရှိပြီး မြန်မာ့ရိုးရာ လက်မှုအနုပညာသည် သိမ်မွေ့နက်နဲပြီး ကိုယ်ပိုင်မှု၊ ကိုယ်ပိုင်ဟန်များဖြင့် အဆင့် အတန်းမြင့်မား ကြောင်း၊ ရှေးနှစ်ပေါင်းထောင်ချီကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ယခုထက် တိုင် စောင့်ရှောက် ထိန်းသိမ်းလျက် ရှိကြောင်း ပြည်တွင်းပြည်ပ ဧည့်သည်များ သိရှိလေ့လာတန်ဖိုး ထားနိုင်စေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာ လက်မှု အနုပညာပြပွဲကို နေပြည်တော် မဏိရတနာ ခန်းမကြီး (ကျောက်စိမ်းအရောင်းခန်းမကြီး) ၌ မေ ၁၂ ရက်မှ ၁၄ ရက်အထိ နံနက် ၉ နာရီမှ ည ၈ နာရီအတွင်း ခင်းကျင်းပြသမည်ဖြစ်ရာ မည်သူမဆို အခမဲ့ ၀င်ရောက်လေ လာနိုင်ကြောင်း သိရသည်။
ပြပွဲတွင် မြန်မာ့ရိုးရာ လက်မှုပညညများအနက် အမရပူရ ချည်ထည်ပိုးထည်များ၊ ထူးခြားထင်ရှားသည့် အင်းလေး ကြာချည်ထည်များနှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုပ်ထည်များ၊ ရွှေချည်ထိုးများ၊ ငွေထည်နှင့် ယွန်းထည် အမျိုးမျိုး၊ ပုသိမ်ထီး အမျိုးမျိုး၊ ကျောက်စိမ်း အပါအ၀င် မြန်မာ့တွင်းထွက်သယံဇာတ ကျောက်မျက် ရတနာ များကို ပြုလုပ်ပုံ အဆင့်ဆင့်နှင့်အတူ စိတ်ဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်းပြသ ရောင်းချ သွားမည်ဖြစ် ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top