Thursday, May 8, 2014

ITC အသင်း ဝင်ရန် နှစ်စဉ်ကြေး ငွေကျပ် တစ်သောင်း နှုန်းဖြင့် စတင် ဆောင်ရွက်နိုင် 

နယ်စပ်ဒေသများရှိ တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်  မှတ်ပုံတင် (Individual Trading  Card) ကို သက်ဆိုင်ရာ နယ်စပ်ကုန်သည် အသင်းတွင် အသင်းဝင်ရန် နှစ်စဉ် ကြေးအပါအဝင် တစ်နှစ် အတွက် ငွေ ကျပ် တစ်သောင်းနှုန်းဖြင့်   ယခုလမှစတင်၍သတ်မှတ်ကြေးနှုန်း လျှော့ချကာ စတင်ဆောင် ရွက် ပေးနေ ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်  စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ ယခင်က ITC  ပြုလုပ် ရာတွင်  တစ်နှစ်စာ မှတ်ပုံတင်ကြေး ငွေကျပ်ငါးသောင်း ပေးသွင်းခဲ့ရကြောင်း သိရသည်။ ITC ကို နယ်စပ်ကုန်သည် အသင်းအားလုံးတွင် တစ်ပြေးညီချမှတ် ဆောင်ရွက်မည်ဖြစ်ပြီး ကုန်သည် အသင်းဝင်ကြေးမှာ ထိုငွေကျပ် တစ်သောင်းတွင်  ပါဝင်ပြီးဖြစ်ကြောင်း သိရသည်။ ITC ဖြင့်  ကုန်သွယ် မှုကို  မြန်မာငွေကျပ်ဖြင့် နယ်စပ်ကုန် သွယ်မှုနည်း လမ်းနှင့်  ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိတွင် တစ်နေ့ လျှင် ငွေကျပ်သိန်း ၂ဝ နှုန်းဖြင့် တစ်ပတ် လျှင် ငွေကျပ်သိန်း ၁ဝဝ ဖိုးအထိ  ကုန်သွယ် လုပ်ကိုင် ခွင့် ပြုထားကြောင်း သိရသည်။ ITC ဖြင့် ကုန်သွယ်မှု ပစ္စည်း အမယ်များကိုလည်း  တစ်စတစ်စ တိုးမြှင့် သတ်မှတ်ပေးလျက်ရှိကြောင်း  သိရသည်။
တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်ဖြင့်  နယ်စပ်ရှိကုန်သွယ်ရေး စခန်းအားလုံးတွင် ကုန်သွယ်မှု များ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးထားပြီးကြောင်း၊ နယ်စပ်ဒေသရှိ အသေးစားပုဂ္ဂလိက လုပ်ငန်းရှင်များ   ကုန်သွယ်မှု လွယ်ကူစေရန်နှင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ရည် ရွယ် ကြောင်း၊ နိုင်ငံတွင်း ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်သည်များစွာ  ပေါ်ထွက် လာစေ ပြီး ကုန်သွယ်မှုလုပ်ငန်း ပိုမိုလုပ်ကိုင်ခွင့် ရစေရန် ရည်ရွယ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top