High Heels တွေကို သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုရွေး ချယ်မလဲ
(၁) ဖိနပ်အမြင့်ရဲ့ အနေအထား
တကယ်လို့ heel တွေဟာ ဖိနပ်အနောက်ပိုင်းနဲ့ အရမ်းဝေးလွန်းတဲ့အခါ သင့်ရဲ့အလေးချိန်ကို ကောင်းစွာ မထိန်းထားနိုင်ပါဘူး။ ဒေါက်ရဲ့ အလယ်ပိုင်းဟာ သင့်ခြေဖနောင့်ရဲ့ အလယ်လောက်မှာ ရှိနေသင့်ပါတယ်။
(၂) အောက်ခံအထူ/အပါး
ဖိနပ်အမြင့်တွေဟာ များသောအားဖြင့် အောက်ခံအထူနဲ့ ပိုပြီးသက်သောင့်သက်သာရှိပါတယ်။
(၃) အောက်ခံအမျိုးအစား
ဒေါက်ဖိနပ်တွေရဲ့ အောက်ခံဟာ သစ်သား (သို့) ပလပ်စတစ် အမာတွေနဲ့ လုပ်ထားသလား။ သားရေ၊ ရာဘာတွေနဲ့ လုပ်ထားတဲ့ ဖိနပ်အောက်ခံဆို သင့်ကိုပိုပြီး သက်တောင့်သက်သာရှိစေပါတယ်။
(၄) ဒေါက် အကြီး/အသေး
ဒေါက်က ပိုပြီး ပိုထူလေ ပိုပြီးတော့ ခိုင်ခံ့လေပါပဲ။ ဒေါက်တွေက အရမ်းမသေးဖို့နဲ့ ဖိနပ်အောက်ခံ တစ်ခုလုံး က မြေကြီးကို ထိထိမိမိတွေ့နိုင်ဖို့တော့ လိုအပ်ပါတယ်။
(၅) လုံခြုံစိတ်ချရမှု
သင့်ဖိနပ်ဟာ သင့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲက အပိုပစ္စည်းတစ်ခုဖြစ်တယ်လို့ ခံစားနေမိရပါမယ်။ သင်နဲ့မရင်းနှီးတဲ့ အရာတစ်ခုအဖြစ် ခံစားနေမိရင်တော့ ချော်လဲဖို့ အခွင့်အလမ်း တော်တော်များနေပါပြီ။ ဒါကြောင့် အန္တရာယ်ကင်းမှုကို ဦးစားပေးထားတဲ့ ဖိနပ်မျိုးကို ရွေးချယ်ရပါမယ်။
ဒီနည်းလမ်းငါးချက်နဲ့ ကိုက်ညီအောင် ရွေးချယ်နိုင်ရင်တော့ သက်တောင့်သက်သာရှိမယ့် ဖိနပ်အမြင့် တစ်ရံကို မှန်ကန်စွာရွေးချယ်နိုင်လိမ့်မယ်ထင်ပါတယ်။
ref;cosmopolitan.com
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/03/high-heels.html

No comments:
Post a Comment