မြန်မာ့ လက်ရွေးစင် အသင်း ထိုင်း လက်ရွေးစင် အသင်းနဲ့ ခြေစမ်းမယ့် သတင်း
AFC Challenge Cup ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုများ ပြုလုပ်နေတဲ့ မြန်မာ လက်ရွေးစင် ဘောလုံးအသင်းဟာ ထိုင်းလက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲ ကစားမယ်လို့ သိရပါတယ်။ မြန်မာလက်ရွေးစင် အသင်းဟာ ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး မေ(၁၂)ရက်မှာ ထိုင်းကလပ် အသင်းတစ်သင်း၊ မေ(၁၄)ရက်မှာ ထိုင်းလက်ရွေးစင် အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းမှာ အုပ်ချုပ်သူဦးတင်အေး၊ နည်းပြချုပ်အေဗရာမိုဗစ်၊ လက်ထောက်နည်းပြများ အဖြစ် မီလန်ဆီကိုဗစ်နှင့် စိုးမြတ်မင်း၊ ဂိုးနည်းပြများအဖြစ် ဒီဒိုနှင့် ဦးအောင်ကျော်ကျော်၊ ဘာသာပြန်အဖြစ် ဦးထွန်းထွန်းအောင်နဲ့ ကစားသမားများအဖြစ် ဂိုး-သီဟစည်သူ၊ ကျော်ဇင်ဖြိုး၊ ဗန်လာဟရွယ်၊ နောက်တန်း-ရဲဝင်းအောင်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ ဟိန်းသီဟဇော်၊ သိန်းဇော်၊ ပြည့်ဖြိုးအောင်၊ အောင်ဇော်၊ အောင်သိုက်၊ စည်သူအောင်၊ ခင်မောင်လွင်၊ အလယ်တန်း-မင်းမင်းသူ၊ နေလင်းထွန်း၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ ချစ်စုမိုး၊ ထူးထူးအောင်၊ ရန်အောင်ဝင်း၊ ရန်အောင်ကျော်၊ ဒေးဗစ်ဒန်း၊ ရာဇာဝင်းသိန်း၊ ရှေ့တန်း-ရန်ပိုင်၊ ကျော်ကိုကို၊ ရဲအောင်နဲ့ ကောင်းစည်သူတို့ ပါဝင်မယ်လို့ သိရပါတယ်။ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံကို သွားရောက်နေတဲ့ မြန်မာလက်ရွေးစင်အသင်းမှာ AFC Cupပြိုင်ပွဲ ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ ရန်ကုန်နဲ့ နေပြည်တော် အသင်းတို့က ကစားသမားတွေ ပါဝင်သွားခြင်း မရှိသေးဘဲ အဲဒီပြိုင်ပွဲ ပြီးဆုံးမှသာ ထိုင်းနိုင်ငံသို့ လိုက်သွားကြမယ်လို့ သိရှိရကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment