မန္တလေး မြို့ ၌ Fiber Cable ဆက်သွယ်မှု ဧရိယာကို FORTUNE က ထပ်မံ တိုးချဲ့ပေးသွား မည်
မန္တလေးမြို့
အင်တာနက် ဆက်သွယ်ရေးတွင် အဆင်ပြေသည့် Fiber Cable(FTTX) အသုံးပြုသူ များ
ပြားလာသည်နှင့်အမျှ တာဝန်ယူ ဆောင်ရွက်ပေးနေသည့် FORTUNE CO.,LTD မှ ချမ်းမြသာစည် မြို့နယ်အထိ လိုင်းသစ်များ
ထပ်မံတိုးချဲ့ ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျာက ပြော
ကြား သည်။
FORTUNE မှ ထပ်မံတိုးချဲ့
ပေးသွားမည့်နေရာများမှာ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ တမ္ပဝတီ၊
မြို့ဟောင်းနှင့် ကပ်ကျော် နန်းတော်ရာကွက်သစ် ပတ်ဝန်းကျင်တို့ ဖြစ်ကြောင်း၊
မန္တလေးမြို့၌ Fiber Cable (FTTX) ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီနှစ်ခုရှိပြီး
FORTUNE နှင့် REDLINK တို့မှ နယ်မြေ အပိုင်း အခြားအလိုက် တာဝန်ယူ
ချိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါပုဂ္ဂလိမှ ကုမ္ပဏီနှစ်ခုသည်
မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့ထံမှ Local Service Provider
(LSP) အဖြစ် လုပ်ကိုင် ခြင်းဖြစ်ကြောင်း သိရသည်။
FORTUNE အနေဖြင့် အိမ်အရောက်
ဆက်သွယ်ပေးသည့် ဝန်ဆောင်ခများမှာ တပ်ဆင်ခနှင့် အခြား စက် ပစ္စည်းများ အပါအဝင်
ကနဦးကျသင့်ငွေ ကျပ်ငါးသိန်းနှင့် နှစ်စဉ်ကြေး ငွေကျပ်ခြောက်သောင်း ကို
ပေး သွင်း ရန်ဖြစ်ကာ လစဉ်ပေးသွင်းရန်မှာ အသုံးပြုသည့် အပေါ်တွင် မူတည်၍
512-Kbp လျှင် ငွေ ကျပ် ၄၅ဝဝဝ၊ 1-Mbps ငွေကျပ် ၇၅ဝဝဝ၊ 2-Mbps လျှင်ငွေကျပ်
၁၂၅ဝဝဝ ဖြစ်ကြောင်း သိရ သည်။
No comments:
Post a Comment