ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Deputy DG of (IDCPC) မှ Mr. Yuan Zhiging နှင့်အဖွဲ့ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Deputy DG of (IDCPC) မှ Mr. Yuan Zhiging နှင့်အဖွဲ့ဝင် (၄) ဦးပါအဖွဲ့သည် မေလ (၇) ရက် နေ့လည် ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ Deputy DG of (IDCPC) မှ Mr. Yuan Zhiging နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များ အား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က တရုတ် ပြည်သူ့သမ္မတနိုင်ငံ Deputy DG of (IDCPC) မှ Mr. Yuan Zhiging အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment