Thursday, May 8, 2014

အိုင်ယူနှင့် High 4 အဖွဲ့တို့၏ တေးသီချင်း K-Pop Hot စာရင်း၏ နံပါတ်တစ် နေရာ၌ ရပ်တည်

တောင်ကိုရီးယား နိုင်ငံမှ နာမည်ကြီး အဆိုတော် အိုင်ယူနှင့် မျက်နှာသစ် အမျိုးသား အဆိုအဖွဲ့ High 4 တို့ ပူးပေါင်း သီဆိုထားသည့် Not Spring, Love Or Cherry Blossoms တေးသီချင်းသည် စတင် ဖြန့်ချိပြီး နောက် သီတင်းပတ် သုံးပတ်အကြာတွင် K-Pop Hot 100 စာရင်း၏ နံပါတ်တစ် နေရာသို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

Not Spring, Love Or Cherry Blossoms တေးသီချင်းသည် ပြီးခဲ့သည့် သီတင်းပတ်က K-Pop Hot 100 စာရင်းတွင်နံပါတ်နှစ်နေရာရရှိခဲ့ပြီး ယခုသီတင်းပတ်တွင် နံပါတ်တစ်နေရာ သို့ ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။
K-Pop Hot 100 စာရင်း၌ နံပါတ်တစ် နေရာ ရရှိခြင်းသည် High 4 အဖွဲ့အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း အဆိုတော် အိုင်ယူအတွက်မူ ပဉ္စမ အကြိမ်မြောက် ဖြစ်သည်ဟု သိရသည်။ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က အိုင်ယူ၏ You and I တေးသီချင်းသည် K-Pop Hot 100 စာရင်း၌ နံပါတ်တစ် နေရာ ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ် မေ ၂၆ ရက်ကလည်း Every End of the Day တေးသီချင်းသည် နံပါတ်တစ်နေရာ ရရှိဖူးကြောင်း သိရသည်။

No comments:

Post a Comment

back to top