Tuesday, May 6, 2014

မိုတိုဂျီပီမှာ မတ်မာကွစ် ဆက်လက် ဗိုလ်စွဲတဲ့ သတင်း






စပိန်နိုင်ငံ ဂျီရက်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ MotoGPပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ မတ်မာကွစ်က (၄၅)မိနစ်(၂၄ဒသမ၁၃၄)စက္ကန့်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဟွန်ဒါအသင်းသားဖြစ်တဲ့ မာကွစ်ဟာ သူနိုင်ငံဖြစ်တဲ့ စပိန်မြေမှာ အခုပထမဆုံးအကြိမ် အောင်ပွဲခံနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး အသက်(၂၁)နှစ်ရှိတဲ့ မာကွစ်အတွက် ဒီပြီုင်ပွဲက ဂရင်းပရီပွဲမှာ အကြိမ်(၁၀၀)မြောက် ပြိုင်ပွဲဝင်တာ ဖြစ်ပါတယ်။ ယာမာဟာ အသင်းသားဖြစ်တဲ့ အီတလီနိုင်ငံသား ဗလင်တီနိုရော့စီက (၄၅)မိနစ်(၂၅ဒသမ၅၆၅)စက္ကန့်နဲ့ ဒုတိယရပြီး ဟွန်ဒါအသင်းသားဖြစ်တဲ့ စပိန်နိုင်ငံသား ဒါနီပီဒရိုဆာက (၄၅)မိနစ် (၂၅ဒသမ၆၆၃)စက္ကန့်နဲ့ တတိယ ရပါတယ်။ Moto2ပြိုင်ပွဲမှာတော့ ဖင်လန်နိုင်ငံသား မီကာကယ်လီယိုက (၄၄)မိနစ်(၅၆ဒသမ၀၀၄) စက္ကန့်နဲ့ ပထမရပါတယ်။ Moto3ပြိုင်ပွဲမှာတော့ အီတလီနိုင်ငံသား ရိုမာနိုဖီနာတီက (၄၁)မိနစ်(၂၈ဒသမ၅၈၄)စက္ကန့်နဲ့ ပထမ ရပါတယ်။

No comments:

Post a Comment

back to top