Tuesday, May 6, 2014

စင်ကာပူ ဂေါက်သီးရိုက် ပြိုင်ပွဲမှာ အဂွီလာ ဗိုလ်စွဲတဲ့ သတင်း






စင်ကာပူနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ချန်ပီယံရှစ် ဂေါက်သီးရိုက် ပြိုင်ပွဲမှာ ချီလီနိုင်ငံသား ဖီးလစ်အဂွီလာက လေးရက်ပေါင်း (၂၆၆)ချက်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အဂွီလာဟာ ပထမနေ့မှာ(၆၅)ချက်၊ ဒုတိယနေ့မှာ(၆၇)ချက်၊ တတိယနေ့မှာ(၇၂)ချက်နဲ့ နောက်ဆုံးနေ့မှာ (၆၂)ချက်ရိုက်ပြီး ချန်ပီယံဆုရသွားတာ ဖြစ်ပါတယ်။ ဒိန်းမတ်ဂေါက်သီးသမား အင်ဒါဟန်ဆင်နဲ့ အမေရိကန် ဂေါက်သီးသမား ဒေးဗစ်လစ်ကီတို့က စုစုပေါင်း (၂၆၇)ချက်စီနဲ့ ပူးတွဲဒုတိယ ရပါတယ်။ အိန္ဒိယ ဂေါက်သီးသမား ရာဟီးဂန်ဂျီးက (၂၆၉)ချက်နဲ့ စတုတ္ထရပြီး ဗြိတိန်ဂေါက်သီးသမား ခရစ်ဝုဒ်က (၂၇၀)နဲ့ ပဉ္စမရပါတယ်။ ဒီပြိုင်ပွဲက ဥရောပနဲ့ အာရှတိုးပြိုင်ပွဲ တစ်ရပ်ဖြစ်ပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ(၁)သန်းခွဲ ပေးပါတယ်။

No comments:

Post a Comment

back to top