ကာလာဇိုကို အေမာခန်း အနိုင်ရတဲ့ သတင်း

အမေရိကန် ပြည်ထောင်စု လတ်ဗေးဂတ်မြို့မှာ ထိုးသတ်တဲ့ ၀ယ်တာဝိတ် စိန်ခေါ်ပွဲမှာ ဗြိတိန်လက်ဝှေ့သမား အေမာခန်းက လူးဝစ်ကိုလာဇိုကို အမှတ်နဲ့ အနိုင်ရသွားပါတယ်။ အမှတ်ပေး ဒိုင်(၂)ဦးက (၁၁၉)မှတ်(၁၀၄)မှတ်စီနဲ့ အေမာခန်းကို အနိုင်ပေးပြီး တတိယဒိုင်ကလည်း (၁၁၇)မှတ် (၁၀၆)မှတ်နဲ့ အေမာခန်းကိုပဲ အနိုင်ပေးပါတယ်။ ဒီနိုင်ပွဲကြောင့် ကမ္ဘာ့ချန်ပီယံဟောင်း အေမာခန်းဟာ WBCနဲ့WBA အဖွဲ့ချုပ်တို့ရဲ့ နိုင်ငံတကာ ချန်ပီယံဆုတွေကို ရသွားပါတယ်။ အေမာခန်းနဲ့ အမေရိကန် လက်ဝှေ့သမား ၀ယ်တာဝိတ် ချန်ပီယံ ဖလွိုက်မေ၀ယ်သာတို့ဟာ ၀ိတ်တန်းတူနေတဲ့အတွက် သူတို့(၂)ဦး ထိုးသတ်မယ်လို့လည်း သတင်းတွေ ဖြစ်နေပါတယ်။ အေမာခန်းကတော့ "မေ၀ယ်သာကို ဒုက္ခပေးနိုင်တဲ့ စတိုင်လ် ကျွန်တော့်မှာ ရှိပါတယ်။ စတိုင်လ်ကမှ ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ပြီိး ယုံကြည်မှုကို ဖြစ်စေတာပါ"လို့ ပြောပါတယ်။
No comments:
Post a Comment