Thursday, May 8, 2014

တရား မဝင် လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် များ သတ်မှတ် ကာလ အတွင်း အချိန်မီ မှတ်ပုံတင် ဆောင်ရွက် ရန် အသိ ပေး နှိုးဆော်

နိုင်ငံတော်အတွင်း တရားမဝင်ဝင် ရောက်လျက်ရှိသော လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ကုန်းလမ်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဘဏ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ One Stop Service စနစ်ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ရုံးဖွင့်ရက်  ရက်  ၉ဝ   သတ်မှတ်၍ ဇူလိုင် ၄ ရက်အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ လုပ် ငန်းဆောင် ရွက်မှု  ၄၅  ရက် ပြည့်မြောက်သည့် ဧပြီ ၃ဝ ရက်တွင် နေပြည်တော် ကောင်စီနယ်မြေ ၄၆၆၃ စီး၊ ကချင်ပြည်နယ် ၅၆၆၉ စီး၊ ကယားပြည်နယ် ၁၆၁၇ စီး၊ ကရင်ပြည်နယ် ၇၈၁၅ စီး၊ ချင်းပြည်နယ် ၁၆၈၆ စီး၊ စစ်ကိုင်းတိုင်း ဒေသကြီး ၂၉၃၉၁ စီး၊ တနင်္သာရီတိုင်းဒေသကြီး ၇၁၆၉ စီး၊ ပဲခူးတိုင်းဒေသကြီး ၁၁၃၅၄ စီး၊ မကွေးတိုင်းဒေသကြီး ၁၁၄၁၂ စီး၊ မန္တလေးတိုင်းဒေသကြီး ၃၁၂၁၂ စီး၊ မွန်ပြည်နယ် ၁၆၈ဝ၆ စီး၊ ရခိုင်ပြည် နယ် ၃၅၇၂ စီး၊ ရန်ကုန်တိုင်းဒေသကြီး ၁၂၉၅၆ စီး၊ ရှမ်းပြည်နယ် ၂ဝ၃၈၈ စီး၊ ဧရာဝတီ တိုင်းဒေ သကြီး ၇၂၃၇ စီး စုစုပေါင်း ၁၇၂၉၄၇ စီး မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်သည်။
မှတ်ပုံတင်ပေးခြင်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး /ပြည်နယ်/ ခရိုင်ရုံး များတွင်လည်းကောင်း၊ အလှမ်းကွာဝေးသည့် ဒေသများတွင် သက်ဆိုင်ရာနယ်မြေ ဒေသအုပ်ချုပ်ရေး အဖွဲ့ များနှင့်ညှိနှိုင်းကာ ပူးပေါင်းအဖွဲ့ဖြင့် နယ်လှည့်၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထုတ်ပြန် ထား သည့်  ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို   လေးစားလိုက်နာ စေလို၍ ယခု စီမံချက်ဖြင့် ဆောင် ရွက်ခြင်းသည်  နောက်ဆုံးအကြိမ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သတ်မှတ်ကာလကို တိုးချဲ့ဆောင် ရွက်ပေးခြင်းနှင့် ထပ်မံ၍ နောက်တစ်ကြိမ် ဆောင်ရွက်ပေးခြင်းများကို  ပြုလုပ်ပေးမည် မဟုတ်ကြောင်း  သိရှိစေလိုသည်။
သတ်မှတ်ကာလ ဇူလိုင် ၄ ရက်ထက် ကျော်လွန်လျှင် တရားမဝင် မှတ်ပုံတင် ပြုလုပ်ထားခြင်း မရှိသည့်  မှတ်ပုံ တင်မဲ့ မော်တော်ဆိုင်ကယ်များကို စစ်ဆေး အရေးယူခြင်းများကို ဥပဒေများနှင့်အညီ တိကျစွာ ပြုလုပ် သွားမည်ဖြစ်သည်။ သို့ပါ၍   မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ရှိသူများ အနေနှင့် သတ်မှတ် ကာလအတွင်း အချိန်မီ မှတ်ပုံတင် ဆောင်ရွက်ကြပါရန်နှင့် သိရှိလိုသည်များကို သက်ဆိုင်ရာ ကုန်းလမ်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးများတွင်   စုံစမ်းမေးမြန်းရန် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။


 

No comments:

Post a Comment

back to top