ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ မြ၀တီ၊မော်လမြိုင်သို့ ပုဂ္ဂလိက ရဟတ်ယာဉ်ပြေးဆွဲမည်
ရန်ကုန်၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ မြ၀တီနှင့် မော်လမြိုင်ဒေသ များသို့ ပုဂ္ဂလိက ရဟတ်ယာဉ် ပြေး ဆွဲနိုင် ရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ် ပျံသန်းနိုင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်းအဖြစ်Global Integrated ServiceLtdမှ စီစဉ်ဆောင် ရွက်နေခြင်း ဖြစ် သည်။
'ကျွန်တော်တို့ ကုမ္ပဏီက မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင် နိုင်ဖို့ စီစဉ်နေပါတယ်။ ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြထား ပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ လိုအပ်ချက်တွေကို အကောင် အထည်ဖော်ပြီး လို့ ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ ရဟတ်ယာဉ် လေးစင်းနဲ့ဝန်ဆောင်မှု လုပ်ငန်းစတင် မှာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှုကို ရန်ကုန်နဲ့ပုဂံမှာ စတင်လုပ်ဆောင်မှာ ပါ'ဟုGlobal Integrated Service Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ရဟတ်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ လက်ရှိ မြန်မာနိုင်ငံတွင်း လှည့်လည်ရာတွင် ကြုံတွေ့နေရ သည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များ အဆင်မပြေမှုများရှိပါက ရွေးချယ်သွားလာ မည်ဖြစ်ကြောင်းသိရ သည်။အဆိုပါ ရဟတ်ယာဉ် ပျံသန်းနိုင်ရေး ၀န်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်းအဖြစ်Global Integrated ServiceLtdမှ စီစဉ်ဆောင် ရွက်နေခြင်း ဖြစ် သည်။
'ကျွန်တော်တို့ ကုမ္ပဏီက မြန်မာနိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ၀န်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင် နိုင်ဖို့ စီစဉ်နေပါတယ်။ ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို တင်ပြထား ပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ လိုအပ်ချက်တွေကို အကောင် အထည်ဖော်ပြီး လို့ ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ ရဟတ်ယာဉ် လေးစင်းနဲ့ဝန်ဆောင်မှု လုပ်ငန်းစတင် မှာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ဝန်ဆောင်မှုကို ရန်ကုန်နဲ့ပုဂံမှာ စတင်လုပ်ဆောင်မှာ ပါ'ဟုGlobal Integrated Service Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ထို့ပြင် ရဟတ်ယာဉ်ဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ လူနာတင်ခြင်း၊ ကယ်ဆယ် ရေးလုပ်ငန်းများကိုလည်း
လုပ်ဆောင်နိုင်မည်ဟု သိရသည်။ 'လက်ရှိ ကျွန်တော်တို့နိုင်ငံကိုလာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ခရီးစဉ်ရေးဆွဲသွားလာရာမှာ အဓိကကြုံရတဲ့ အခက်အခဲက ပြည်တွင်းလေကြောင်း ခရီးစဉ်တွေရဲ့ အချိန် အပြောင်းအလဲ၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ပျက်တာတွေ စတဲ့ အဆင်မပြေမှုတွေ ရှိပါတယ်။ အခု ရဟတ်ယာဉ် ၀န်ဆောင်မှု လုပ်ငန်းရှိလာရင် ကမ္ဘာလှည့်ခရီးသွားတွေ လိုရာခရီးဆက်နိုင်ဖို့ ရွေးချယ်စရာ ရှိလာမှာဖြစ်လို့ ကြိုဆိုပါတယ်'ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment