Friday, May 9, 2014

ယူရိုပါလိဂ် ချန်ပီယံဆုကို ဆီဗီလာ မျှော်မှန်းထားတဲ့ သတင်း






နောက်တစ်ပတ် ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗိုလ်စွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်လို့ ဆီဗီလာအသင်းနည်းပြ ယူနေးအီမီရီက ဗုဒ္ဒဟူးနေ့က ဘာစီလိုနာမြို့မှာ ပြောကြားပါတယ်။ ဒါပေမယ့် ပေါ်တူဂီပြိုင်ဘက် ဘင်ဖီကာ အသင်းကိုလည်း သတိထားပြီး ယှဉ်ပြိုင်ရမယ်လို့ သူကပြောပါတယ်။ ဆီဗီလာအသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဗလင်စီယာအသင်းကို အဝေးဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် လာတာပါ။ အခုဗိုလ်လုပွဲမှာတော့ ဆီဗီလာအသင်းဟာ ပေါ်တူဂီကလပ် ဘင်ဖီကာနဲ့ ကစားရပါမယ်။ ယူရိုပါလိဂ် ပြိုင်ပွဲဟာ ယူအီးအက်ဖ်အေ ဖလားပွဲကို အသွင်ပြောင်းထားတာပါ။ ဆီဗီလာအသင်းဟာ ယူအီးအက်ဖ်အေ ဖလားကိုတော့ (၂၀၀၆)နဲ့ (၂၀၀၇)ခုနှစ်တို့မှာ ရခဲ့ပါတယ်။ အခုယူရိုပါလိဂ် ဖလားကတော့ ဆီဗီလာ အသင်းအတွက် (၅၂)နှစ်အကြာမှာမှ ပထမဆုံးရမယ့် အခွင့်အရေးပါ။ ဒါကြောင့်လည်း ဆီဗီလာနည်းပြ ယူနေးအီမီရီက "ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ ယူရိုပါလိဂ်ဖလားပါပဲ။ ဘင်ဖီကာအသင်းနဲ့ သူတို့ရဲ့ခြေစွမ်းကို ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။ ကျွန်တော်တို့ ကြိုးစားရမှာပါပဲ"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top