American Hi- Fi ဂီတဖျော်ဖြေပွဲတွင် မိုင်လီဆိုင်းရပ်စ် ဖျော်ဖြေ
ကမ္ဘာကျော်အဆိုတော် မိုင်လီဆိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပခဲ့သည့်American Hi- Fi ဂီတ ဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေ တင်ဆက် ခဲ့သည်ဟု သိရသည်။
အသက် ၂၁ အရွယ်ရှိ မိုင်လီသည်
နှာခေါင်းနှင့် ဆက်သွယ်ထားသည့် ဦးခေါင်းခွံ အတွင်းရှိ လေလမ်းကြောင်း
ပိတ်ဆို့ခြင်း ဝေဒနာကို ခံစားနေရပြီး ဆေးဓာတ်မတည့်သည့် လက္ခဏာကြောင့်
ဆေးရုံတွင် သီတင်း နှစ်ပတ်ကြာ ဆေးဝါးကုသမှု ခံရသည့်အတွက် အမေရိကန်တွင်
ကျင်းပမည့် သူမ၏ Bangerz ဖျော်ဖြေပွဲ များကို ရွှေ့ဆိုင်းခဲ့ရပြီးနောက်
ပထမဆုံးအကြိမ် အဖြစ် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။
လန်ဒန်တွင် ကျင်းပသည့် အဆိုပါ ဂီတဖျော်ဖြေပွဲတွင် မိုင်လီသည် American Hi-Fi အဖွဲ့နှင့် တွဲဖက်၍ ဖျော်ဖြေ တင်ဆက်ခဲ့သည်ဟု သိရသည်။
ထို့ပြင် မိုင်လီသည် ၂ဝ၁၄ Billboard Music Awards တွင်လည်း ပါဝင်ဖျော်ဖြေ သွားမည် ဖြစ်သည်ဟု သိရသည်။

No comments:
Post a Comment