Wednesday, May 7, 2014

ချန်ပီယံမိုင်း မြင်းစီးပြိုင်ပွဲမှာ Varietyကလပ် အနိုင်ရတဲ့ သတင်း






ဟောင်ကောင်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ချန်ပီယံမိုင်း မြင်းစီးပြိုင်ပွဲမှာ တောင်အာဖရိက မြင်းဖြစ်တဲ့ Varietyကလပ် အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲက အာရှမိုင်းချဲလင့် ပြိုင်ပွဲ(၄)ပွဲမှာ တတိယမြောက်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ (၃)နှစ်နဲ့အထက် မြင်းတွေက မီတာ(၁၆၀၀)အကွာအဝေးကိုြ့ပိုင်ကြတာပါ။ မိုင်နဲ့ဆိုရင် တစ်မိုင်လောက် ရှိပါမယ်။ ဒီနှစ်မှာ အသက်(၆)နှစ်ရှိ Varietyကလပ်မြင်းက (၁)မိနစ်(၃၄ဒသမ၁၁)စက္ကန့်နဲ့ ဗိုလ်စွဲသွားပါ တယ်။ ဒီမြင်းရဲ့ ဂျော်ကီက အန်တွန်မားကပ်ဖြစ်ပြီး လေ့ကျင့်ပေးတာကတော့ မိုက်ဒီနော့ ဖြစ်ပါတယ်။ ဂျို့စ်တီပိုင်ဆိုင်တဲ့ Varietyကလပ်မြင်းဟာ တောင်အာဖရိကမြင်း ဖြစ်တာကြောင့် ဒီဟောင်ကောင်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံး ပြည်ပမြင်းအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ ဒုတိယဆုကို AbleFriendကရပြီး မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ ဒမ်အိပ်ဆယ်က တတိယ ရပါတယ်။

No comments:

Post a Comment

back to top