မဟာသီဝံကန်တော်ကြီး ဘက်စုံပြုပြင်ရေး ပြည်ခိုင်ဖြိုးပါတီ လူငယ်များ ပါဝင်လုပ်အားဒါန လှူဒါန်းပေး
ဘိုကလေးမြို့ရှိ ပြည်သူများသောက်ရေအတွက် အဓိကအားကိုးအားထားပြုရာ မဟာသီဝံ ကန်တော်ကြီးသည် ဧက (၂၀) နီးပါးကျယ်ဝန်းပြီး လွန်ခဲ့သောနှစ်ပေါင်း (၆၀) ခန့်က အများပြည်သူ သောက်သုံးရန် တူးဖော် ခဲ့သော သောက်ရေကန်ကြီးဖြစ်ပြီး ယခုအခါတွင် ရာသီဥတု ပူပြင်းခြောက်သွေ့ခြင်း၊ နှစ်ပေါင်းများစွာ အသုံးပြုလာသဖြင့် အနည်ကျ တိမ်ကောခြင်းတို့ကြောင့် အဆိုပါ မဟာသီဝံကန်တော်ကြီး သည် ရေခန်းခြောက်ခြင်းနှင့် ကြုံတွေ့ရသဖြင့် မြို့ပေါ်ရှိ ပြည်သူများ သောက် သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရပါသဖြင့် မြို့နယ်စည်ပင်သာယာရေး ကော် မတီမှ ဦးဆောင်၍ စက်အားလူအားဖြင့် ဘက်စုံ ပြုပြင်ရေးကို ဧပြီ (၂၈) ရက် မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မဟာသီဝံကန်တော်ကြီး ဘက်စုံပြုပြင်ရေးအတွက် ဘိုကလေး မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ကန်အတွင်း ရှိ မြက်ပင်များ၊ မှော်ပင်များရှင်းလင်းခြင်း နှင့် ကန်အတွင်းသန့်ရှင်းခြင်း လုပ်ငန်း တို့ကို ပါတီဝင်လူငယ် (၈၆) ဦးဖြင့် လုပ်အားဒါနပြု ပါဝင် လှူဒါန်းကြောင်း သိရှိရသည်။

No comments:
Post a Comment