ကသာမြို့ ရပ်ကွက် ၉ တွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်း
ကသာမြို့၊ ရပ်ကွက် (၉)၊ ဓမ္မပါလကျောင်းတိုက် ဓမ္မာရုံ၌ မေလ (၁) ရက် ညနေ ၅း၃၀ နာရီအချိန်က လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲပြုလုပ် ခဲ့ပါသည်။
ရှင်းလင်းပွဲမပြုလုပ်မီ ကျောင်းထိုင်ဆရာတော်အား လှူဘွယ်ခြင်းနှင့် ဝတ္ထုငွေ များ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး ရှင်းလင်းပွဲ အခမ်းအနားကို ပြုလုပ်ရာ ကသာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်ဝန်ကြီး၊ ကသာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ကသာမြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ဆိုင်ရာ များ ရှင်းလင်းပြီး၊ ဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်နေမှု များကို ရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများမှ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ်၊ ဝန်ကြီးနှင့် စည်ပင်ဥက္ကဋ္ဌ တို့က ဆောင်ရွက်မည့် အစီအစဉ်များအား ပြန်လည်ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
No comments:
Post a Comment