Monday, May 5, 2014


လွှတ်တော်အတွေ့အကြုံရှင်းလင်း၊ ကျေးလက်မီးလင်းရေး ဆွေးနွေး


အမရပူရမြို့နယ် မြအင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် အမရပူရမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မြို့နယ်ပါတီ အတွင်းရေးမှုး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းတို့သည် မေလ (၂) ရက် ညနေ (၃) နာရီ အချိန်က တောင်ကိုင်း၊ မြအင်း၊ေ၇ွှပေါက်ပင်၊ မကျည်းချို (၀ါးရုံပင်)၊ မကျည်း ကိုင်း၊ ကင်းဘက် ညောင်နီပင် ညောင်ပင်စောက်၊ တလင်းကြီး ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး လွှတ်တော် အတွေ့အကြုံရှင်းလင်းပြီး ကျေးရွာ မီးလင်းရေးကိစ္စရပ်အား ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါကျေးရွာများအား (၆)လအတွင်း လျှပ်စစ်မီးကို သုံးစွဲနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များက ကျေးရွာနေ ပြည်သူတို့ဖြင့် ပူးပေါင်းကာ စွမ်းစွမ်းတမံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top